ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ် ၁၆ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်တည်းက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေပြီး ရပ်ကွက်တွေထဲအထိ စစ်သားအများအပြားက လိုက်လံပစ်ခတ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေ သိန်းချီပြီး နေရပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ မနက် ၅ နာရီခွဲလောက်တည်းက လှိုင်သာယာပြည်သူတွေ ထွက်ပြေး နေကြတာ ဒီနေ့ နေ့လယ်အထိ အများအပြားဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၄ ရက်နေ့က ရဲနဲ့စစ်သားတွေရဲ့ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် လှိုင်သာယာမြို့နယ်က သပိတ်မှောက်ပြည်သူတွေ ရာနဲ့ချီပြီး သေဆုံးဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီကတော့ လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/hlaingthaya-protest-attack-03162021031936.html

No comments:
Post a Comment