ထားဝယ်မြို့မရဲစခန်းမှာ သေဆုံးသူရဲ့ ရုပ်အလောင်း ပြန်ထုတ်ပေး

 

မနေ့က ဖေဖော်ဝါရီ ၂၈ရက်မှာ ထားဝယ်မြို့မရဲစခန်းမှာ ကွယ်လွန်သွားခဲ့သူ အမျိုးသားရဲ့ရုပ်အလောင်းကို မိသားစုထံပြန်ပေးဖို့ လူအင်အား ၆၀ကျော် ဝန်းရံတောင်းဆိုမှ ထုတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"ထားဝယ်က နာရေးကူညီမှုကားတွေ တန်းစီ အလံဖြူထောင်ပြီး သွားကြတယ်။ မိသားစုတွေ၊ ရပ်မိရပ်ဖတွေ ပြည်သူတွေ အင်အားပြတောင်းဆိုမှ နေ့လယ် ၁နာရီခွဲကျော်မှ စစ်ဆေးရုံကနေ အလောင်းထုတ်ပေးတယ်။ ကျွန်တော်တို့ကို တခုခုလုပ်မှာကလည်း လန့်ရတယ်။ အလောင်းပြန်ရဖို့ တော်တော်ကြိုးစားခဲ့ရတာ" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သေဆုံးသူမှာ ထားဝယ်မြို့ပေါ်ရပ်ကွက်က ဦးသန်းဝင်းဆိုသူ ဖြစ်ပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေစလုပ်ခဲ့တဲ့နေ့ကစပြီး နေ့စဉ်ဆန္ဒပြခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ထားဝယ်မြို့မရဲစခန်းမှာ သေဆုံးသူရဲ့ ရုပ်အလောင်း ပြန်ထုတ်ပေး  ထားဝယ်မြို့မရဲစခန်းမှာ သေဆုံးသူရဲ့ ရုပ်အလောင်း ပြန်ထုတ်ပေး Reviewed by THITHTOOLWIN on 00:38 Rating: 5

No comments:

Powered by Blogger.