ညအချိန်မတော် ရန်ကုန်မှာ ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးနေ



 ဒီကနေ့ မတ်လ ၇ ရက်နေ့ ည ၁၁ နာရီလောက်မှာ ရန်ကုန် အနောက်ပိုင်းဆေးရုံဝင်းထဲကို စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကို ဒေသခံတဦး ရိုက်ကူးမှတ်တမ်းတင်ထားတာကို မြင်တွေ့ရတာဖြစ်ပါတယ်။ လက်ရှိ အခုညပိုင်းမှာ ရန်ကုန်မြို့တွင်းက လှိုင်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ မင်္ဂလာတောင်ညွန့် ၊ တာမွေ၊ အင်းစိန်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ သာကေတ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ ဗဟန်း၊ စမ်းချောင်း၊ လှိုင်သာယာ၊ မရမ်းကုန်း စတဲ့မြို့တော်တော်များများမှာ ပစ်ခတ်တာတွေ နေအိမ်ထဲထိ ဝင်ရောက်ပြီး ဖမ်းဆီးတာတွေရှိနေတယ်လို့ ရန်ကုန်မြိုကခံတွေက RFA ကို ဆက်သွယ်ပြောဆိုကြပါတယ်။

ရန်ကုန်မြို့က ကျောင်း၊ ဆေးရုံတွေ အတော်များများမှာ စစ်တပ်တွေ တိုးချဲ့နေရာယူ စခန်းချထားပြီး၊ စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြမှုတွေအားလုံးကို အခုမတ်လအတွင်း ချုပ်ငြိမ်းသွားအောင် ချေမှုန်းဆောင်ရွက်သွားဖို့ရှိတယ်လို့  သတင်းတွေ ထွက်ပေါ်နေပြီးRFA က သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

RFA Burmese



ညအချိန်မတော် ရန်ကုန်မှာ ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးနေ ညအချိန်မတော် ရန်ကုန်မှာ ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးနေ Reviewed by THITHTOOLWIN on 01:22 Rating: 5

No comments:

Powered by Blogger.