ဖုန်းထဲမှာ ဆန္ဒပြပွဲမှတ်တမ်းတွေ သိမ်းထားသူတချို့ ဖမ်းဆီးခံရ

ဖုန်းထဲမှာ ဆန္ဒပြပွဲမှတ်တမ်းတွေ သိမ်းထားသူတချို့ ဖမ်းဆီးခံရ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့အဝင်။

Photo: Generation Z Kyaikkhami


မွန်ပြည်နယ်၊ ကျိုက္ခမီမြို့ထဲမှာ မတ်လ ၂ ရက်နေ့ ဒီကနေ့ နေ့လည်ပိုင်းက စစ်တပ်နဲ့ ရဲတပ် အင်အား ၅၀ လောက်ဟာ စားသောက်ဆိုင်တွေ လက်ဘက်ရည်ဆိုင်တွေထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီလိုရှာဖွေချိန်မှာ လက်ကိုင်ဖုန်းတွေစစ်ဆေးပြီး နွေဦးတော်လှန်ရေးရုပ်ပုံတွေနဲ့ ဆန္ဒပြပွဲအကြောင်း လူမှုကွန်ရက်စာမျက်နှာ Facebook မှာတင်ထားသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျိုက္ခမီမြို့ဒေသခံ သုံးဦးဖြစ်တဲ့ ခန့်ဝင်းအောင်၊ ထိန်လင်းသာနဲ့ ဦးအောင်အေးတို့ ဖမ်းဆီးခံထားရပြီး သူတို့ကို အချုပ်ကားနဲ့ သံဖြူဇရပ်မြို့ကို ခေါ်ဆောင်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နွေဦးတော်လှန်ရေး ပြည်လုံးကျွတ်သပိတ်အတွင်း တခြားဒေသတွေနည်းတူ ကျိုက္ခမီမြို့မှာလည်း လူအမြောက်အမြား ဆန္ဒပြခဲ့ကြပါတယ်။ ပြည်လုံးကျွတ်သပိတ်အပြီး နောက်တရက်ကစလို့ မြို့တွင်းမှာ စစ်တပ်နဲ့ ရဲတွေ အင်အားတိုးချထားပြီး မြို့အဝင်အထွက်ဂိတ်တွေပိတ်ပြီး ဒေသခံပြည်သူတွေကို စစ်ဆေးမေးမြန်းနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/civilians-who-keep-protest-videos-in-phone-got-arrested-03022021101742.html

ဖုန်းထဲမှာ ဆန္ဒပြပွဲမှတ်တမ်းတွေ သိမ်းထားသူတချို့ ဖမ်းဆီးခံရ  ဖုန်းထဲမှာ ဆန္ဒပြပွဲမှတ်တမ်းတွေ သိမ်းထားသူတချို့ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.