![]() |
စစ်တပ်နဲ့ ရဲမိသားစုတွေရဲ့ သာရေးနာရေးဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ မြို့ခံလူမှုရေးအသင်းတွေ ကြေညာအပြီး ခုလို ဖြစ်လာတာဖြစ် |
မအူပင်မြို့မှာ မနေ့ မတ်လ ၉ ရက်နေ့ညပိုင်းက မြို့လူမှုရေးအသင်းတွေမှာ ဦးဆောင်လုပ်နေသူ ၅ ဦးထက်မနည်းရဲ့ အိမ်တွေကို ရဲနဲ့ စစ်တပ် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သူတို့နဲ့လက်တွဲလုပ်နေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးထဲက တစ်ဦးဟာ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဂရုဏာပရဟိတအသင်းမှာ ဦးဆောင်ပါဝင်နေသူလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ အဖမ်းခံရသူနှစ်ဦးကို မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မနေ့ညက မအူပင်မြို့နေရာတော်တော်များများမှာ ရဲနဲ့စစ်တပ်က ရာဘာကျည်တွေနဲ့ ခြောက်လှန့်ပစ်ခတ်တာမျိုး လုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်တွေအပေါ် အကြမ်းဖက်သတ်ဖြတ်တာ၊ လူနာတင်ယာဉ်မောင်းတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ ရဲနဲ့စစ်သားတွေ လုပ်ရပ်ကို ရှုံ့ချပြီး နိုင်ငံအတွက်နစ်နာစေတဲ့လုပ်ရပ်ကို ကျူးလွန်တဲ့ ရဲ၊ စစ်သားနဲ့ သူတို့မိသားစုဝင်တွေ၊ သတင်းပေးလုပ်နေသူတွေနဲ့ သူတို့မိသားစုဝင်တွေ၊ CDM မလုပ်တဲ့ ဝန်ထမ်းနဲ့မိသားစုဝင်တွေရဲ့ နာရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ မအူပင်လူမှုရေးအသင်းအဖွဲ့ ၁၄ ဖွဲ့က ကြေညာချက်ထုတ်အပြီး ရက်ပိုင်းအကြာမှာ အခုလို ဖမ်းဆီးမှုတွေဖြစ်လာတာပါ။
BBC Burmese
![မအူပင်က လူမှုရေးအသင်း ဦးဆောင်သူ ၂ ဦး ဖမ်းဆီးခံရ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc-J1sZhYBJSvvpT_YMovxXpbptHlt5GDxv7D1vjefxwWXA8Up9gxcKqBK9ZX03mrhfcXuowrhfMxQi6nAcLiihBnP9_ezvoUPMytrHkmXFW1LhDGygwX-T0Cj_xyNdLrfvcZhC9yY1p0D/s72-w472-c-h640/%25E1%2581%2582.jpg)
No comments:
Post a Comment