ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးသူတချို့ကို သင်္ဂြိုဟ်

သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ အသက် ၂၃ နှစ် အရွယ် ကျောင်းသား ကိုညီညီအောင်ထက်နိုင် ကို အင်္ဂါနေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြကြတဲ့ တနင်္ဂနွေနေ့မှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ သေနတ်ကျည် ထိမှန် သေဆုံးခဲ့ရသူ တချို့ကို အင်္ဂါနေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ အသက် ၂၃ နှစ် အရွယ် ကျောင်းသား ကိုညီညီအောင်ထက်နိုင်ကို အင်္ဂါနေ့မှာ သင်္ဂြ ိုဟ် ခဲ့တာမှာ လူပေါင်း ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။

“ကျနော်တို့ ဒီမိုကရေစီ တိုက်ပွဲအတွက် ၊ ကျနော်တို့ တရားမျှတမှုအတွက် ကျနော်တို့ လူ့အခွင့်အရေးအတွက် ကျဆုံးသွားတဲ့ ကျနော်တို့ရဲ့ သူရဲကောင်းတွေ ၊ ကျနော်တို့ ရဟန်းရှင်လူပြည်သူတွေအတွက် တရားမျှတမှုအတွက် ကျနော်တို့ ပြန်လိုချင်တယ်။ အဲဒီ တရားမျှတမှုကို မရမချင်း ကျနော်တို့ ငြိမ်းချမ်းစွာနဲ့ နေ့စဉ် လမ်းပေါ်ထွက်ပြီးတော့ စစ်အာဏာရှင်၊ စစ်ကောင်စီအစိုးရကို ကျနော်တို့ တွန်းလှန်နေမယ်ဆိုတာကို ဒီနေရာကနေပြီးတော့ ကျနော် ရဲရဲဝံ့ဝံ့ပြောချင်တယ်။”

အလားတူဘဲ တနင်္ဂနွေနေ့ ဆန္ဒပြပွဲ အတွင်း သေဆုံးခဲ့ရတဲ့ ရန်ကုန်က အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီကိုလည်း အင်္ဂါနေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေ အတွင်း သေဆုံးခဲ့တဲ့ ရေဖြူမြို့နယ် ပုဂေါဇွန်းရွာက အသက် ၃၄ နှစ် အရွယ် ကိုဖေသန်း ခေါ် နွန်ငိုရဲ့ နောက်ဆုံး ခရီးမှာ လူပေါင်း ရာချီ ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် သေဆုံးရသူ အရေး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ HRW ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က တိုက်တွန်းထားတာပါ။ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အတွင်း လုံခြံုရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရသူ စုစုပေါင်း ၃၀ ကျော် ရှိပြီလို့ ခန့်မှန်း ပြောဆိုထားကြပြီး ဒီ သေဆုံးရသူတွေ အရေး အာဏာပိုင်တွေဘက်က ဘယ်လို ဆောင်ရွက်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-funeral-/5799535.html

ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးသူတချို့ကို သင်္ဂြိုဟ် ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးသူတချို့ကို သင်္ဂြိုဟ် Reviewed by THITHTOOLWIN on 08:27 Rating: 5

No comments:

Powered by Blogger.