မြန်မာရဲ ၁၉ ဦး အိန္ဒိယနိုင်ငံကိုရောက်ရှိပြီးခိုလှုံရာရှာဖွေလို့ဆို

ပုံစာ- မီဇိုရမ်ပြည်နယ်က အိန္ဒိယမြန်မာနယ်စပ်


နယူးဒေလီ၊မတ်လ - ၄ ရက်

အနည်းဆုံးမြန်မာရဲအရာရှိ ၁၉ ဦးဟာ အိန္ဒိယနိုင်ငံဘက်ကိုကူးသွားပြီးခိုလှုံရာရှာဖွေနေကြတယ်လို့ အိန္ဒိယရဲအရာရှိတစ် ဦး ကရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အဆိုပါအမျိုးသားတွေဟာမြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်အရှေ့မြောက်ပိုင်းခရိုင်နှစ်ခုဖြစ်တဲ့ Champai နဲ့ Serchhip ကိုကူးပြောင်းသွားခဲ့ကြတာလို့ အဆိုပါအရာရှိကပြောကြားခဲ့ပါတယ်။

သူတို့အားလုံး လက်နက်တွေမပါကြဘူးလို့လည်း သူကပြောပါတယ်။ထောက်လှမ်းရေးအစီရင်ခံစာတွေကို ကိုးကားပြီးနောက်ထပ်

လူတွေထပ်ရောက်လာနိုင်တယ်လို့လည်း သူကဆိုပါတယ်။



Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မြန်မာရဲ ၁၉ ဦး အိန္ဒိယနိုင်ငံကိုရောက်ရှိပြီးခိုလှုံရာရှာဖွေလို့ဆို မြန်မာရဲ ၁၉ ဦး အိန္ဒိယနိုင်ငံကိုရောက်ရှိပြီးခိုလှုံရာရှာဖွေလို့ဆို Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.