မုံရွာလူထုသပိတ်မှ ဖမ်းခံရသူ ၃၂ဦး ပုဒ်မ ၅၀၅ - ကဖြင့် တရားစွဲ

ဓာတ်ပုံ-တရားစွဲဆိုခံထားရသူများစာရင်း

ဓာတ်ပုံ-တရားစွဲဆိုခံထားရသူများစာရင်း

မုံရွာ၊မတ် - ၁

မုံရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်က ပြသာဒ်ကျောင်းအနီး  ဖမ်းဆီးခံရသူများအနက် မုံရွာအကျဥ်းထောင်တွင် ထိန်းသိမ်းထားသည့် ၃၂ ဦးမှာ  ယနေ့ညနေပိုင်းက ရာဇသတ်ကြီးပုဒ်မ  ပုဒ်မ ၅၀၅ - ကဖြင့် တရားစွဲဆိုခံထားရကြောင်း မုံရွာခရိုင်ရှေ့နေများကွန်ယက်က ပြောသည်။

တရားစွဲခံရသူအများစုသည် နည်းပညာတက္ကသိုလ်မှ ဖြစ်ပြီး အမျိုးသား ၃၀ဦးနှင့် အမျိုးသမီး ၂ဦးဖြစ်သည်။

" ဗွီဒီယိုကောစနစ်နဲ့ ရမန်ပေးတာဆိုတော့ အာမခံကနောက် ၁၅ရက်နေမှရမှာ။ အာမခံရဖို့နဲ့ ဥပဒေရဲ့အကာအကွယ်ရဖို့ ကြိုးစားဆောင်ရွက်ပေးသွားမှာပါ။ "ဟု မုံရွာခရိုင်ရှေ့နေများကွန်ယက်ဝင် တစ်ဦးက ပြောသည်။

၎င်းနေ့က ဖမ်းဆီးခံရသူ ၂၀၀နီးပါးကို သုံးကြိမ်ခွဲ၍ စစ်ဆေးပြန်လွှတ်ပြီး ကျန်ရှိသူ ၃၂ဦးမှာ အမှုဖွင့်ခံရခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅-ကတွင် ကြောက်လန့် ထိတ်လန့်စေခြင်း၊ သတင်းအမှားဖြန့်ဝေခြင်း၊ အစိုးရ၀န်ထမ်းကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းတို့ပြုလုပ်ပါက တရားရုံးမှ ၀ရမ်းမပါပဲ ဖမ်းဆီးနိုင်ပြီး ‌ဒဏ်ငွေအပါအ၀င် ထောင်ဒဏ် သုံးနှစ်အထိချနိုင်သည်ဟု ဖော်ပြထားသည်။


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာလူထုသပိတ်မှ ဖမ်းခံရသူ ၃၂ဦး ပုဒ်မ ၅၀၅ - ကဖြင့် တရားစွဲ မုံရွာလူထုသပိတ်မှ ဖမ်းခံရသူ ၃၂ဦး ပုဒ်မ ၅၀၅ - ကဖြင့် တရားစွဲ Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.