ထိုင်း/မြန်မာ နယ်စပ် ရှိ စစ်ကောင်စီ၏တပ်များ သေနတ်ပစ်ခတ်မှုကြောင့် သော်လဲထာမှ ပြည်သူများထိန့်လန့်ကြောက်ရွံ့
၂၃ မတ်လ ၂၀၂၁ ခုနှစ်
၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ထိုင်း/မြန်မာ နယ်စပ် သော်လဲထာ မှာ အခြေစိုက်နေထိုင်သော စစ်ကောင်စီ၏တပ်များ သေနတ်ပစ်ခတ်မှုပြုသောကြောင့် ထိုင်းဘက်ရှိပြည်သူလူထုများ ထိန့်လန့်ကြောက်ရွံ့ပြီး တစ်ချို့နေရာပြောင်းရွေ့မှုရှိခဲ့ကြပါသည်။
ဖြစ်စဥ်မှာ သော်လဲထာ သံလွင်မြစ်ကမ်းသို့ ရောက်ရှိလာသော အာဏာသိမ်းစစ်ကောင်စီ၏ တပ်ရိက္ခာဆန်အိတ်များကို ထိုနေရာ၌ ထားသိုမှုပြုခြင်းကို ပြည်သူလူထုများမှ အလိုမရှိကြသည့်အပြင် ယနေ့တွင် ထိုင်းအခြေစိုက် The Reporter သတင်းဌာနမှ သတင်းသမားက ထိုဆန်အိတ်များကို သွားရောက်သတင်းယူပြီး ရုပ်သံရိုက်ကူးမှုပြုသောကြောင့် စစ်ကောင်စီ၏တပ်များသည် သေနတ်ဖြင့်ခြောက်လန့် ပစ် ခတ် ခဲ့သည်။
ယမန့်နေ့ မတ်လ ၂၂ ရက်နေ့တွင်လည်း ထိုင်းစစ်တပ်မှ ရွားသားများအား စစ်ကောင်စီ၏တပ်သား ၄ ဦး ကို သွားကြိုခိုင်း၍ ထိုဆန်အိတ်များကို လာရောက်ဖုံးအုပ်စေပြီး အပြန်တွင် ရိက္ခာအတွက် ဆန်တစ်အိတ် နှင့် အခြားပစ္စည်းများကိုလည်း ယူသွားခဲ့ကြပါသည်။
Thoolei News - KNU -Department Of Information

No comments:
Post a Comment