မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့တွင် စစ်တပ်နှင့်ရဲ ဝင်ရောက်နေရာယူထား



မုံရွာ၊မတ်-၇


မုံရွာမြို့အဓိကလမ်းမကြီးဖြစ်သော ကျောက္ကာလမ်းရှိ မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့တွင် စစ်တပ်နှင့်ရဲများ ဝင်ရောက် နေရာယူထားသည်ကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရသည်။

မုံရွာတက္ကသိုလ်တွင် ရဲတပ်ဖွဲ့မှ နံနက်ပိုင်းက နေရာယူသည်ကို လူထုမှ လက်မခံသဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တပ်နှင့်ရဲ တို့အင်အားအများအပြားဖြင့် ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်များကပြောသည်။

တာဝန်အရ တက္ကသိုလ်အတွင်း နေရာယူရမည်ဖြစ်ကြောင်း  ရဲနှင့်စစ်တပ်က တက္ကသိုလ်တာဝန်ရှိသူများကိုတွေ့ဆုံပြီး ဝင်ရောက်နေရာယူခြင်းဖြစ်သည်ဟု သိရသည်။

တက္ကသိုလ်ရှိဝန်ထမ်းအိမ်ရာများမှ မိသားစုဝင်များသည်လည်း ကျောင်းအတွင်းမှ ထွက်ခွာနေသည်ကို တွေ့ရသည်။

ကျောက္ကာလမ်းမကြီးတစ်လျောက်တွင်လည်း  စစ်ကားများ နှင့် စစ်သားများ ထူထပ်စွာချထားသည်ကို တွေ့ရသည်။


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့တွင် စစ်တပ်နှင့်ရဲ ဝင်ရောက်နေရာယူထား မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့တွင်  စစ်တပ်နှင့်ရဲ ဝင်ရောက်နေရာယူထား Reviewed by THITHTOOLWIN on 23:10 Rating: 5

No comments:

Powered by Blogger.