![]() |
မန္တလေးမြို့ရှိ လမ်တခုပေါ်တွင် လုံခြုံရေးယူထားတဲ့ ရဲနဲ့ စစ်တပ် တပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁) |
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန် CDM လှုပ်ရှားမှု လုပ်နေသူတွေအပေါ် အကြမ်းဖက်၊ အနှောင့်အယှက် လုပ်နေတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက လူ ပုဂ္ဂိုလ် နှစ် ယောက်နဲ့ လုပ်ငန်း နှစ် ခုကို အရေးယူ ဒဏ်ခတ်မှုတွေ ဒီနေ့ ချမှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန်နဲ့ ဒုတိယပြည်ထဲရေးဝန်ကြီးတာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အမှတ် ၃၃ ခြေမြန်တပ်မနဲ့၊ အမှတ် ၇၇ တပ်မ တို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်တွေက သေစေလောက်အောင် အကြမ်းဖက်နေမှုကို ရပ်ကို ရပ်ရမယ်လို့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Andrea M. Gacki က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အတွက် အရေးယူနိုင်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လုပ်သွားမှာဖြစ်သလို မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်သွားမယ်လို့လည်း သူကပြောပါတယ်။
အခုအရေးယူ ဒဏ်ခတ်လိုက်သူတွေနဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုအားလုံးကို အမေရိကန် ဘဏ္ဍာရေးဌာနက ထိန်းချုပ် ပိတ်ပင်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment