(၉/၃/၂၀၂၁)
နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို စစ်ကောင်စီက (၉) ရက်နေ့ မနက်က သူ့ရုံးခန်းကနေဖမ်းဆီးသွားပါတယ်။
သူနဲ့အတူ လက်ထောက်ညွှန််မှူး ဒေါက်တာစိုးသူရကိုလည်း ဖမ်းဆီးသွားပါတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာမသိရပေမဲ့ နိုင်ငံတကာက မြန်မာသံရုံးဝန်ထမ်းတွေ CDM ပါတဲ့ကိစ္စဖြစ်နိုင်တယ်လို့ နိုင်ငံခြားရေးရုံးက အရာရှိတဦးက ခန့်မှန်းပါတယ်။ စစ်ကောင်စီခန့် ဝန်ကြီး ဦးဝဏမောင်လွင်ရဲ့ သမီးဖြစ်သူနဲ့လည်း ဦးချမ်းအေးက ဆက်ဆံရေးအဆင်မပြေဘူးပြောပါတယ်။
တရုတ်ဓါတ်ငွေ့ပိုက်လိုင်းသတင်းတွေအပြင်ကို ပေါက်ကြားနေချိန်မှာ အချိန်ကိုက် ဖယ်ထုတ်ဖို့လုပ်တာလည်းဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ နိုင်ငံခြားရေးဝန်ထမ်းအားလုံးကို အပြောင်းအရွေ့လုပ်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့လည်း သူက ပြောသွားပါတယ်။
Burma News Network
နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ချုပ်ကို စစ်ကောင်စီက ဖမ်း
Reviewed by THITHTOOLWIN
on
07:24
Rating:
No comments:
Post a Comment