ကချင်သယံဇာတဝန်ကြီးကိုပုဒ်မ၅၀၅(ခ)နဲ့ တရားစွဲ


ကချင်ပြည်နယ် သံယံဇာတ နဲ့သဘာဝပတ်ဝန်းကျင် ဝန်ကြီးဦးဒါရှီလဆိုင်းကို ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ တရားစွဲဆိုထားပါတယ်။

ဝန်ကြီးချုပ် ကိုယ်စား စာထုတ်ပြီး ကချင်ပြည်နယ်က ဝန်ထမ်းတွေကိုရုံးပိတ်ရက် သတ်မှတ်ပေးခဲ့တဲ့အပေါ် တရားစွဲဆို ခဲ့တာပါ။

လောလောဆယ် သူ့ကို မြစ်ကြီးနားအကျဉ်းထောင်မှာထားရှိပြီး ဒီကနေ့ရုံးချိန်းကိုတော့ လက်ထိပ်ခတ်တာတွေမရှိဘူးလို့ပြောပါတယ်။

ဒီကနေ့ မတ်လ ၁ ရက်နေ့ ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှု လုပ်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ကချင်သယံဇာတဝန်ကြီးကိုပုဒ်မ၅၀၅(ခ)နဲ့ တရားစွဲ  ကချင်သယံဇာတဝန်ကြီးကိုပုဒ်မ၅၀၅(ခ)နဲ့ တရားစွဲ Reviewed by THITHTOOLWIN on 00:46 Rating: 5

No comments:

Powered by Blogger.