စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ မတ် ၈ ရက်နေ့ကစ အလုပ်မသွားကြဖို့ အလုပ်သမားသမဂ္ဂ(၁၈) ဖွဲ့ ပူးတွဲကြေညာချက်ထုတ်


စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီအရေးအတွက် ဒီနေ့ မတ်လ ၈ ရက်စလို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်သားတွေ လုပ်ငန်းခွင်ထဲဆက်ပြီးတော့ မသွားကြဖို့ အလုပ်သမားသမဂ္ဂ (၁၈) ဖွဲ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေပုံမှန်အတိုင်းဆက်လည်ပတ်နေတာ၊ လုပ်ငန်းခွင်မဝင်တဲ့သပိတ်တွေကို ဆိုင်းထား လိုက်တာမျိုးဟာ စစ်တပ်အတွက်ပဲ အကျိုးဖြစ်ထွန်းနေစေတာကြောင့် ဒီမိုကရေစီကို ကာကွယ်ဖို့ အခုလို အရေးတယူလုပ်ဆောင်ချိန်ကျပြီလို့ ဒီသမဂ္ဂတွေကိုယ်စားထုတ်ပြန်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ထုတ်ပြန်ချက်က ဆိုပါတယ်။

' ' အမတို့အနေနဲ့က တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခံရတာလည်းရှိတယ်။ ခေါင်းဆောင်နေတဲ့ ကိုယ်တွေကိုလည်းဖမ်းဖို့ လိုက်ရှာနေတယ်ဆိုလို့ ရှောင်နေရတယ်။ '' မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်သူ မမိုးစန္ဒာမြင့်က ဘီဘီစီကိုပြောပါတယ်။

အစိုးရဝန်ထမ်းတွေရဲ့ အာဏာဖီဆန်အကြမ်းမဖက်လှုပ်ရှားမှု CDM ဟာ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ဦးဆောင်မှုဖြစ်နေပေမဲ့ စစ်တပ်ကို ဖိအားပေးဖို့ အချိန်ကျပြီလို့ ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာ့စီးပွားရေး လုံး၀ ရပ်ဆိုင်းသွားအောင် တနိုင်ငံလုံး CDM ဖြစ်တဲ့အထိ လုပ်သားတွေအနေနဲ့ အလုပ်မဆင်းဘဲ ဆက်သပိတ်မှောက်ဖို့ တောင်းဆိုတယ်လု့ိ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ မတ် ၈ ရက်နေ့ကစ အလုပ်မသွားကြဖို့ အလုပ်သမားသမဂ္ဂ(၁၈) ဖွဲ့ ပူးတွဲကြေညာချက်ထုတ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ မတ် ၈ ရက်နေ့ကစ အလုပ်မသွားကြဖို့ အလုပ်သမားသမဂ္ဂ(၁၈) ဖွဲ့ ပူးတွဲကြေညာချက်ထုတ် Reviewed by THITHTOOLWIN on 11:04 Rating: 5

No comments:

Powered by Blogger.