စစ်အုပ်ချုပ်ရေးကြေညာပေမဲ့ ဆက်ပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ




ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ် ၁၆ ရက် နေ့မှာ ရပ်ကွက်ထဲအထိ စစ်သားတွေက လိုက်လံပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၄ ရက်နေ့က ရဲနဲ့စစ်သားတွေရဲ့ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် လှိုင်သာယာမြို့နယ်က သပိတ်မှောက်ပြည်သူတွေ ရာဂဏန်းနီးပါးသေဆုံးဒဏ်ရာရတွေရခဲ့ပါတယ်။

လှိုင်သာယာမှာ ကျည်ထိမှန် သေဆုံးခဲ့သူ ၃၁ ဦးကို ဒီနေ့ လှိုင်သာယာ ထိန်ပင်သုသာန် မှာစျာပန အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

စစ်အုပ်ချုပ်ရေးစတင်ခဲ့ပြီးနောက် လှိုင်သာယာက ‌ရွှေ့ပြောင်းလုပ်သားတွေ အများအပြား နေရပ်ပြန်သွားခဲ့ကြပါတယ်။

၂၀၁၄ သန်းခေါင်စာရင်း အရ လှိုင်သာယာ မှာလူ ဦးရေ ၇ သိန်းခန့်နေထိုင် ပြီး ရန်ကုန်မြို့ရဲ့လူဦးရေ အများဆုံးနေထိုင်တဲ့ မြို့နယ်ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

စစ်အုပ်ချုပ်ရေးကြေညာပေမဲ့ ဆက်ပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ စစ်အုပ်ချုပ်ရေးကြေညာပေမဲ့ ဆက်ပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ Reviewed by THITHTOOLWIN on 00:03 Rating: 5

No comments:

Powered by Blogger.