မြန်မာစစ်အာဏာသိမ်းမှု အပေါ် အင်ဒို-ပစိဖိတ် ဆိုင်ရာ ကန်စစ်အရာရှိကြီးတဦးရဲ့ မှတ်ချက်


မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ပြန်ပေးဆွဲ လုယူတဲ့ လုပ်ရပ်ဖြစ်သလို ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်စေခဲ့တယ်လို့ အမေရိကန်စစ်တပ် အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။

အမေရိကန် အင်ဒို၊ ပစိဖိတ်ဒေသ ထောက်လှမ်းရေးဌာန ဒါရိုက်တာ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး Michael Studeman

ဒီမိုကရေစီပေါ်ထွန်းဖို့ အခွင့်အရေးရခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလက အခြေအနေတွေကို တွေ့ခဲ့ရပြီးနောက် အခုလို အခြေအနေမျိုးတွေ ကြုံရတာဟာ လက်ခံဖို့ ခက်ခဲလှသလို၊ ဒါဟာ ပြန်ပေးဆွဲလုယူပြီး၊ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖီအောင် လုပ်လိုက်တဲ့ လုပ်ရပ် ဖြစ်တဲ့အကြောင်း အမေရိကန် အင်ဒို၊ ပစိဖိတ်ဒေသ ထောက်လှမ်းရေးဌာန ဒါရိုက်တာ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး Michael Studeman က အင်္ဂါနေ့မှာပဲ ပြောလိုက်တာပါ။

မြန်မာစစ်တပ်အနေနဲ့လည်း အာဏာကိုလုံးဝ ထိန်းချုပ်နိုင်အောင် ကြိုးပမ်းကောင်း ကြိုးပမ်းသွားမယ့် အလားအလာတွေ ရှိနေတယ်လို့လည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အတွက် တာဝန်ရှိသူတွေကိုတော့ အမေရိကန် အပါအင် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားသလို၊ နောက်ထပ် အရေးယူဖို့ ပြင်ဆင်နေကြောင်းလည်း သတိပေးထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-situation-michael-studeman-comment-/5799110.html

မြန်မာစစ်အာဏာသိမ်းမှု အပေါ် အင်ဒို-ပစိဖိတ် ဆိုင်ရာ ကန်စစ်အရာရှိကြီးတဦးရဲ့ မှတ်ချက် မြန်မာစစ်အာဏာသိမ်းမှု အပေါ် အင်ဒို-ပစိဖိတ် ဆိုင်ရာ ကန်စစ်အရာရှိကြီးတဦးရဲ့ မှတ်ချက် Reviewed by THITHTOOLWIN on 08:38 Rating: 5

No comments:

Powered by Blogger.