ဒီနေ့ မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်တွင်းက အိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သလို ညပိုင်းမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းနေပါတယ်။
ဒေသခံတွေက မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရိုက်ကူးထားတဲ့ရုပ်သံတွေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက အိမ်ထဲက လူတွေကိုဆွဲထုတ်လာကာ ဝိုင်းပြီး တုတ်နဲ့ ရိုက်နှက်နေတာကိုလည်းတွေ့ရပါတယ်။
အဲ့ဒီတောင်ကြီးမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေထိပ်တိုက်တွေ့ခဲ့ကြပြီးတော့ ရဲတပ်ဖွဲ့ ရာဘာ ကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။
တောင်ကြီး သုံးလမ်းဆုံမှာ ညပိုင်း ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပြီးတော့ ဒဏ်ရာရသူနဲ့ သေဆုံးသူ ရှိမရှိကိုတော့ မသိရသေးပါဘူး။
BBC Burmese
တောင်ကြီးမှာ ညပိုင်းပစ်ခတ်မှုတွေရှိနေ
Reviewed by THITHTOOLWIN
on
22:10
Rating:

No comments:
Post a Comment