ရန်ကုန် မဂ်လာတောင်ညွှန့် မြို့နယ် မလွှကုန်းမီးရထားဝင်းကို မတ်လ ၁၀ ရက် ဒီကနေ့ နံနက် ၆ နာရီခွဲလောက်စပြီး စစ်တပ်နဲ့ရဲတွေ ပိတ်ဆို့ထားတယ်လို့ မီးရထားဝင်း ဝန်ထမ်းတွေက RFA ကို အတည်ပြု ပြောပါတယ်။
ဝန်ထမ်း တော်တော်များများဟာ တိမ်းရှောင်နေကြပေမယ့် လက်ရှိ အဲ့ဒီမီးရထားဝင်းထဲမှာ ဝန်ထမ်းတွေရဲ့ မိသားစုဝင် ကလေးတွေ သက်ကြီးရွယ်အိုတွေ ကျန်နေတယ်လို့ ဆိုပါတယ်။
မီးရထားဝန်ထမ်းတွေကို အာဏာဖီဆန်ရေး လူထု လှုပ်ရှားမှု CDM မှာ ပါဝင်တာကြောင့် အာဏာသိမ်း စစ်ကောင်စီက ဖိအားအမျိုးမျိုး ပေး ခြိမ်းခြောက်ပြီး လုပ်ငန်းခွင်ပြန်ဝင်ခိုင်းနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်တပ်အင်အား အလုံးအရင်းနဲ့ မီးရထားဝင်း အဝင်အထွက်ပေါက်တွေကို ပိတ်ဆို့ထားပြီး နောက်ဆက်တွဲအခြေအနေတွေကို RFA က မသိရသေးပါဘူး။
RFA Burmese
မလွှကုန်း မီးရထားဝင်း ဝင်စီးခံနေရ
Reviewed by THITHTOOLWIN
on
08:54
Rating:
No comments:
Post a Comment