![]() |
ရန်ကုန်ည ဆန္ဒပြသူတွေက ဒေါက်တာဆာဆာပြောကြားချက်ကိုကြည့်နေစဥ် |
ဒေါက်တာဆာဆာကို မြန်မာနိုင်ငံရဲအဖွဲ့က တရားစွဲထားကြောင်း မြန်မာ့ရုပ်မြင်သံကြားအစီအစဥ်က ည၈နာရီသတင်းမှာထုတ်ပြန် ကြေညာသွားပါတယ်။
ဒေါက်တာဆာဆာဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ကျူးလွန်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကခန့်ထားတဲ့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာထူးကိုလက်ခံဆောင်ရွက်ပြီ းအာဏာသိမ်းစစ်ကောင်စီကိုလည်း ဖြိုဖျက်ဖို့ကြိုးစားတဲ့အတွက် တရားစွဲဆိုတာလို့ဆိုပါတယ်။
စွဲဆိုတဲ့ပုဒ်မက ရာဇသတ်ကြီး ပုဒ်မ၁၂၂ ပုဒ်မခွဲ၂ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြစ်ပါတယ်။
ဒေါက်တာဆာဆာဟာ နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေကိုအကြမ်းမဖက် အာဏာဖီဆန်ရေးCDM လုပ်ဖို့တိုက်တွန်းတာ၊နိုင်ငံတကာကမြန်မာ့အရေးကိစ္စတွေမှာ လက်နက်နဲ့ဝင်ရောက်လာပြီးအများပြည်သူကို အကာအကွယ်ပေးဖို့R2P Responsibility to Protect ကိုတောင်းဆို တိုက်တွန်းတာ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သွားရောက်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့လို့ အခုလိုရဲအဖွဲ့ကတရားစွဲဆိုတာလို့ဆိုပါတယ်။
သူ့ကို ဖမ်းမမိသေးတဲ့အတွက် ဖမ်းဝရမ်းထုတ်ထားတယ်လို့ဆိုပါတယ်။
ဒေါက်တာဆာဆာကိုပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီCRPH က ဖေဖော်ဝါရီလ၂၂ရက်နေ့မှာ ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ခန့်ထားခဲ့တာဖြစ်ပါတယ်။
BBC Burmese

No comments:
Post a Comment