မတ္လ - ၈-၂၀၂၁
ဒီနေ့ မတ်လ ၈ ရက်နေ့ နေ့လယ်က ဖျာပုံမြို့ သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းနေ မောင်သီဟဦး ဟာ ဝမ်းဗိုက်ကိုထိမှန်ပြီး သေဆုံးခဲ့တာပါ။
ဒီနေ့ ဖျာပုံသပိတ်စစ်ကြောင်းကို ဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူတစ်ရာကျော်နဲ့ လက်ရှိအချိန်ထိ သေဆုံးသူတစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
ဖျာပုံမြို့မှာ သပိတ်စစ်ကြောင်းကို ပစ်ခတ် ဖြိုခွင်းလို့ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
01:12
Rating:
No comments:
Post a Comment