အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း




ကြေညာချက်အမှတ်၊ (၁၀/၂၀၂၁)

၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်

 အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို စစ်အုပ်စုက အဓမ္မနည်းဖြင့် သိမ်းယူခဲ့ပြီး၊ တရားဝင် နိုင်ငံ့ခေါင်းဆောင်များဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်၊ တက်ကြွလှုပ်ရှားသူများ၊ လူသိများထင်ရှားသူများကို ညတွင်းချင်း ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၂။ အာဏာသိမ်းစစ်ကောင်စီသည် အကြမ်းမဖက်နည်းဖြင့် အာဏာဖီဆန်ကြသော နိုင်ငံ့ဝန်ထမ်းများ၊ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြကြသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လက်နက်မဲ့ မိဘပြည်သူများကို နိုင်ငံတဝှမ်းရှိ လမ်းမများပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ရာဇဝတ်သားများစေလွှတ်၍ ရပ်ရွာတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုအပေါ်တွင် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေခြင်းသည် နိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက် စစ်ကြေညာခြင်းဖြစ်သည်။ 

၃။ နိုင်ငံတစ်ဝှမ်းရှိ လမ်းမများ၊ ရပ်ရွာလူမှုအသိုက်အဝန်းများသည် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် စစ်မြေပြင် များအဖြစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် လက်နက်မဲ့ ပြည်သူအများ အပြား အသက်ဆုံးရှုံးရပြီး ဖြစ်သကဲ့သို့၊ ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များသည်လည်း နေ့စဉ်နှင့်အမျှ အကြမ်း ဖက်မှု အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြပြီ ဖြစ်သည်။ 

၄။ ပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒမဲများဖြင့် ရွေးကောက်တင်မြှောက်ခံထားရသည့် ပြည်ထောင်စုလွှတ်တော်အား ကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)၏ အကြမ်းဖက် လုပ်ရပ်များအားလုံးကို အပြင်းထန်ဆုံး ရှုတ်ချသည်။ 

၅။ သို့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန် လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာလိုက်သည်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.