လူသေဆုံးတဲ့အထိ အင်အားသုံးတာတွေရပ်တန့်ဖို့ မြန်မာစစ်တပ်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို


အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက်နဲ့ ကြားဝင်စွက်ဖက်မှုမရှိရဆိုတဲ့စည်းမျဉ်းကို အဓိက အခြေခံပေမဲ့ မြန်မာနိုင်ငံရဲ့အခြေအနေ ပုံမှန်အတိုင်းပြန်ရောက်ရှိပြီး တည်ငြိမ်မှုရှိရေး ဖြစ်မြောက်ဖို့ အပြုသဘောဆောင်အခန်းကဏ္ဍမှာ ပါဝင်နေဆဲလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။

ဒါကြောင့်လည်း ဒီနေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းဝေးကို ဗီဒီယိုကွန်ဖရန်းဇင်းကတစ်ဆင့် ပြုလုပ်တဲ့အခါ မြန်မာစစ်တပ်အာဏာပိုင်တွေဘက်က ကိုယ်စားလှယ်ပြောလာတဲ့စကားကိုလည်း နားထောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

နောက်ထပ် သွေးထွက်သံယိုဖြစ်တာတွေကို ရှောင်ရှားဖို့ မြန်မာစစ်တပ်အာဏာပိုင်တွေ အနေနဲ့ လူသေဆုံးတဲ့အထိ အင်အားသုံးတာမျိုးကို ရပ်တန့်ဖို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လိုပြီး သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးကြောင့် ထိန်းသိမ်းခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးမှသာ ဒီလမ်းကြောင်းပေါ်လာမယ်လို့ ယုံကြည်တယ်ဆိုပြီး ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

လူသေဆုံးတဲ့အထိ အင်အားသုံးတာတွေရပ်တန့်ဖို့ မြန်မာစစ်တပ်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို လူသေဆုံးတဲ့အထိ အင်အားသုံးတာတွေရပ်တန့်ဖို့ မြန်မာစစ်တပ်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.