![]() |
မန္တလေးတိုင်းမတ္တရာမြို့နယ်၊ စကျင်ကျေးရွာမှာ CDM ဝင်တဲ့ ဝန်ထမ်းတွေကိုလာဖမ်းတဲ့အပေါ် လူထုကလက်မခံပဲ စုရုံးလာတာကြောင့် စစ်တပ်၊ ရဲတပ်ဖွဲ့တို့နဲ့လူထုထိပ် တိုက်တွေ့ကာရဲနဲ့စစ်တပ်တို့က လူထုကိုဖြိုခွဲခဲ့ပါတယ်။
ဖြိုခွဲအပြီး တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးသွားလို့ စကျင်ကျေးရွက လူ ၄၀ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဖမ်းဆီးသွားသူတွေကို ခေါ်ဆောင်သွားတဲ့နေရာအတိအကျကိုလည်း အခုချိန်ထိ မသိရသေးဘူးလို့ ဆိုပါတယ်။
လူစုခွဲရာမှာလည်း ပစ်ခတ်ဖြိုခွဲမှုတွေလုပ်ခဲ့တာဖြစ်သလို၊ ဖမ်းဆီးရာမှာလည်း ရိုက်နှက်ဖမ်းဆီးခံကြရတာလို့ စကျင်ရွာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
BBC Burmese
မတ္တရာက စကျင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ တစ်အိမ်တက်ဆင်းနဲ့ လူ ၄၀ ကျော်ဖမ်းသွား
Reviewed by THITHTOOLWIN
on
22:08
Rating:

No comments:
Post a Comment