မကွေးမြို့က ဖမ်းဆီးခံကျောင်းသား ၁၉ ဦးပြန်လွတ်၊ ၃၄ ဦးကျန်




မနေ့ကဖေဖော်ဝါရီ ၂၈ ရက်နေ့က မကွေးမြို့တက္ကသိုလ်ကျောင်းသားတွေသပိတ်ကနေ စုစုပေါင်း ၅၃ဦး ဖမ်းဆီး ခံခဲ့ရပြီး မတ်လ ၁ရက်၊ ဒီနေ့မှာတော့ (၁၉) ယောက်ပြန်လည်လွတ်မြောက်လာပါတယ်။

ဖမ်းဆီးခံရသူအားလုံးကို ဒေါင်းနေချောင်းစခန်းကို ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

"အခုပြန်လွတ်လာတဲ့သူတွေ ပြောစကားအရ စစ်မေးတာကို အရပ်ဝတ်နဲ့ မေးတယ်။ တယောက်ချင်းစီ စစ်ဆေးပြီး ကိုယ်ရေးအကျဉ်းရယ်၊ ဘာလို့ဆန္ဒပြလဲမေးတယ်။ ရိုက်နှက်တာမျိုးတော့မရှိဘူးလို့ပြောတယ်။ လွတ်တဲ့ (၁၉)ယောက်လုံးက မကွေးတက္ကသိုလ်ကပါ။ ကျွန်တော်တို့ မကွေးဆေးက ၃ ယောက်အပါ ကျန်တဲ့သူတွေပါမလွတ်သေးတော့ စိတ်ပူနေရပါတယ်။" ဆေးတက္ကသိုလ်မကွေးကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက ဘီဘီစီကိုပြောပါတယ်။

မကွေးဆေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မကွေးနည်းပညာတက္ကသိုလ်နဲ့ AGTI မကွေးစတဲ့ ကျောင်း (၄) ကျောင်းပေါင်း သပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံရတာဖြစ်ပြီး ဦးဆောင်သူအများစုပါဝင်တယ်လို့ သိရပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မကွေးမြို့က ဖမ်းဆီးခံကျောင်းသား ၁၉ ဦးပြန်လွတ်၊ ၃၄ ဦးကျန် မကွေးမြို့က ဖမ်းဆီးခံကျောင်းသား ၁၉ ဦးပြန်လွတ်၊ ၃၄ ဦးကျန် Reviewed by THITHTOOLWIN on 00:47 Rating: 5

No comments:

Powered by Blogger.