စစ်သားနဲ့ရဲ ဆက်စပ်အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ် အားလုံးကိုသပိတ်မှောက်ဖို့ စတေကာကမ်ပိန်းလုပ်





လူမှုရေးပြစ်ဒဏ်ခတ်ခြင်း ခေါင်းစဥ်နဲ့စစ်သား၊ ရဲ နဲ၎င်းတို့ဆက်စပ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း နှင့် စီးပွားရေးလုပ်ငန်းများအားလုံးကို သပိတ်မှောက်လှုပ်ရှားမှု စတေကာကမ်ပိန်း တစ်ခုကို ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ရန်ကုန်မြို့ပေါ် ၇ မြို့နယ်တွင် စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ရန်ကုန်မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ တာမွေ ၊ကျောက်မြောင်း ၊ဗဟန်း၊ ကမာရွတ် ၊ လှိုင် ၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ ရန်ကင်း က စျေးဆိုင်တွေ၊မိန်းလမ်းမတွေနဲ့လူသွားလူလာများတဲ့နေရာတွေမှာ ကပ်ခဲ့တယ်လို့ အဆိုပါကန်ပိန်းမှာပါဝင်တဲ့ သမဂ္ဂဝင်တစ်ဦးကဘီဘီစီကိုပြောပါတယ်။

"အဓိက ကတော့ အဲ့လူတွေအနေနဲ့ အဲ့လူတွေဆိုတာ စစ်အုပ်စုရော စစ်အုပ်စု လက်ဝေခံတွေရောကို ဆိုလိုတာပါ။ အွန်လိုင်းပေါ်မှာတင်မဟုတ်ဘဲ အပြင်ထွက်တာနဲ့ စျေးသွားဝယ်တာနဲ့စျေးဆိုင်တွေ လမ်းတွေက ဒီစတေကာတွေကိုမြင်တိုင်း ရှက်ရွံနေရမယ်။မတရားမှုဘက်တော်သားဆိုတဲ့ အရိပ်မည်းကြီးဟာ ဘယ်နေရာသွားသွား တကောက်ကောက်လိုက်နေတယ်ဆိုတာ သတိရစေဖို့ပါ။"လို့သူကပြောပြပါတယ်။


BBC Burmese

https://www.facebook.com/BBCnewsBurmese/

စစ်သားနဲ့ရဲ ဆက်စပ်အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ် အားလုံးကိုသပိတ်မှောက်ဖို့ စတေကာကမ်ပိန်းလုပ် စစ်သားနဲ့ရဲ ဆက်စပ်အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ် အားလုံးကိုသပိတ်မှောက်ဖို့ စတေကာကမ်ပိန်းလုပ် Reviewed by THITHTOOLWIN on 01:49 Rating: 5

No comments:

Powered by Blogger.