မြိတ်မြို့က အိမ်တစ်အိမ်ကို ဝင်ရှာဖွေပြီး ငွေတွေယူသွား


မြိတ်မြို့ရွှေပြည်တန်ရပ်သုခ (၅) လမ်းကအိမ်တစ်အိမ်ကို နေ့လယ်ပိုင်းက စစ်သားနဲ့ ရဲ တပ်ဖွဲ့ဝင်၂၀ ခန့် ဝင်ရောက်စီးနင်းရှာဖွေပြီး ပိုက်ဆံအိတ်နှစ်အိတ်နဲ့ အတူ ငွေသား ၄သိန်းကို ယူသွားတယ်လို့ အိမ်ရှင် အမျိုးသမီးက ပြောပါတယ်။

အိမ်ကို အိမ် ရှင်က မဖွင့်ပေးတဲ့ အတွက် အိမ်ထဲကို ရိုက်ဖျက်ဝင်ပြီး ကိုယ်ဝန်သည် အိမ်ရှင်အမျိုးသမီးနဲ့ အမျိုးသားကို ရိုက်နှက်ခဲ့တယ်လို့အရိုက်ခံရတဲ့ ကိုယ်ဝန်သည် အမျိုးသမီးက ပြောပါတယ်။

ဘာကြောင့် နေအိမ်ထဲကို ဝင်ရောက်ခဲ့တယ်ဆိုတာကို မသိရပေမဲ့ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် တချို့နေရာတွေမှာ လမ်းတွေကို ရပ်ကွက်နေသူတွေက ပိတ်ထားကြတယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မြိတ်မြို့က အိမ်တစ်အိမ်ကို ဝင်ရှာဖွေပြီး ငွေတွေယူသွား  မြိတ်မြို့က အိမ်တစ်အိမ်ကို ဝင်ရှာဖွေပြီး ငွေတွေယူသွား Reviewed by THITHTOOLWIN on 00:07 Rating: 5

No comments:

Powered by Blogger.