![]() |
Social media |
မတ်လ ၉ ရက် ဒီနေ့ လွိုင်ကော်သပိတ်ဖြိုခွင်းခံရမှုမှာ ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်ရှိပေမဲ့ အကောင်းဆုံး လူစုခွဲနိုင်ခဲ့တယ်လို့ မြို့ခံတွေပြောအရ သိရပါတယ်။
ဆန္ဒပြပွဲကို ကယားပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှား သပိတ်ကော်မတီက ဦးဆောင်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှုတွေဖြစ်နေတာကို လွိုင်ကော် ကက်သလစ်သာသနာ ကျောင်းထိုင် ဘုန်းတော်ကြီး Fr.Celso Ba Shwe နှင့် အခြား ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ကလာရောက်ဖြန်ဖြေပေးခဲ့တာကို လည်းဒေသခံတွေရဲ့ တိုက်ရိုက်ရုပ်သံမှာ တွေ့ရပါတယ်။
BBC Burmese
လွိုင်ကော်သပိတ်ဖြိုခွင်းခံရမှု ဒဏ်ရာရသူအနည်းငယ်ရှိ
Reviewed by THITHTOOLWIN
on
20:53
Rating:
![လွိုင်ကော်သပိတ်ဖြိုခွင်းခံရမှု ဒဏ်ရာရသူအနည်းငယ်ရှိ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE4pzQ_gtm5_szDnwgcqlNvm3rcgt5C19Kfv7td9CweDTb4YNURbCMUTgkyiq_9AaYpEj_6qyOVtgaR2Z1Lqfe4ftvn4GrdM7Oo2AZuodXq9xvVM2i1LUz-CWiTC0GArcFsQnEyDSP6ymS/s72-w400-c-h233/3.jpg)
No comments:
Post a Comment