![]() |
သာကေတနဲ့ ဒေါပုံဘက် မှာ ည၁၀ နာရီ ဝန်းကျင်ခန့်က ပစ်ခတ်မှုတွေရှိနေပြီး မီးလောင်နေတာကိုတွေ့ရကြောင်း ဒေါပုံ နဲ့ သာကေတမြို့နယ်မှာ နေထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။
မီးလောင်နေတဲ့ နေရာဟာ သာကေတ ၁ စျေးကွေ့အနီးက ဒေါပုံမြို့နယ် နွယ်အေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖြစ်ပြီးတော့ မတ်လ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က စတင်မီးလောင်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဒေါပုံ နွယ်အေး ရပ်ကွက်မှာ စစ်ကောင်စီ က ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကိုခန့်အပ်ခဲ့တာကို ရပ်ကွက်က ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။
ည ၁၁ နာရီလောက်အထိ ပစ်ခတ်သံတွေကြားနေရပြီး လူတွေလည်းအိမ်ထဲကနေ အိမ်ပြင်ထွက်လို့မရတဲ့အတွက် မီးလောင်မှုနောက်ဆုံး အခြေအနေကို မသိရကြောင်းနဲ့မီးသတ်ကားလာတဲ့ အသံကို မကြားရဘူးလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
ပစ်ခတ်မှုကြောင့်ဒဏ်ရာ ရသူရှိမရှိဆိုတာနဲ့ ပတ်သက်လို့ တော့ လတ်တလော အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
BBC Burmese

No comments:
Post a Comment