VOA သတင်းထောက်ပြောခဲ့တဲ့ ရန်ကုန်နောက်ဆုံးအခြေအနေ


ဆန္ဒပြတာတွေဖြစ်ပြီးတဲ့နောက်မှာ တယ်လီဖုံးလိုင်းတွေ ပြတ်တောက်သွားပါတယ်။ တချို့နေရာတွေပဲ ခေါ်လို့ရပါတယ်။ အဲဒါကြောင့်မို့လို့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့ ရန်ကုန်မှာရှိတဲ့ ကျနော်တို့သတင်းထောက်တွေကို ဌာနမှူး ဦးသန်းလွင်ထွန်းက နောက်ဆုံးအချိန်မှာ ဖုံးနဲ့ဆက်သွယ်ပြီးတော့ မေးမြန်းခွင့်ရခဲ့ပါတယ်။ အဲဒီတော့ ဦးသန်းလွင်ထွန်းခင်ဗျား - အခု နောက်ဆုံးသိရတဲ့ ရန်ကုန်ဘက်က အခြေအနေလေးကို ပြောပြပါအုံး။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ တယ်လီဖုံးတွေက များသောအားဖြင့်တော့ အလုပ်မလုပ်တော့ဘူး ဗျ။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့မိနစ်ပိုင်းအတွင်းကပဲ ကျနော်တို့ဆီက သတင်းထောက်တယောက်နဲ့ တယ်လီဖုံးတလုံး အဆက်အသွယ်ရတယ်။ သိပ်တော့ အချိန်အကြာကြီး မရလိုက်ဘူးခင်ဗျ။ ၂ မိနစ်လောက်ပဲ ရလိုက်တယ်။ အဲဒီအချိန်အတွင်းမှာတော့ သူတို့အနေနဲ့ လက်ရှိ ဗမာပြည်ထဲမှာ ဖြစ်တဲ့အခြေအနေကတော့ အခု ညဘက်မှာတော့ ဗမာပြည်မှာ - ရန်ကုန်မြို့မှာပေါ့နော်- အပြင်မှာ လမ်းမပေါ်မှာထွက်ပြီး ဆန္ဒပြလှုပ်ရှားတဲ့သတင်းတွေတော့ သူမသိရဘူး။ ပုံမှန်အတိုင်းပဲ သံပုံးတီးဆန္ဒပြတဲ့ကိစ္စတွေတော့ ဆက်လုပ်နေကြတယ်။ နေ့လည်ဘက်၊ မနက်ဘက်ပိုင်းက ဆန္ဒပြပွဲတွေမှာလည်း အဓိကအားဖြင့်တော့ သမိုင်းဘက်ကနေပြီးတော့ လှည်းတန်းအထိ စပြီးတော့ လမ်းလျှောက်တယ်ဆိုတဲ့အကြောင်း သူပြောပြတယ်။ စစချင်းမှာတော့ လူ ၃၀၀ လောက်ရှိတယ်။ နောက်ပိုင်းမှာ လမ်းတလျှောက်မှာ လူတွေတိုးလာပြီးတော့ သုံး-လေး ထောင်လောက်အထိ ဖြစ်လာတယ်။ ဒါပေမယ့် ရဲတွေနဲ့က ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်းဆိုပြီး စည်းတားထားပြီး ရှေ့ဆက်မတိုးဖို့ ထိပ်တိုက်တွေ့တယ်။ တွေ့တဲ့အခါကျတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြသူတွေဘက်က ပထမစည်းအထိ တိုးလာပြီးတော့ ရဲတွေကို သူတို့နဲ့ပူးပေါင်းဖို့ကိစ္စ၊ နောက်ပြီးတော့ သူတို့လိုချင်တဲ့ကိစ္စတွေကို နည်းနည်း ပြောဆိုအော်ဟစ်ပြီးတော့ ညနေကျတော့ သူတို့ နောက်ကြောင်းပြန် လမ်းလျှောက်သွားတယ်။

ပြီးတော့ သူ့ဖာသူ လူစုခွဲသွားကြတယ်။ နောက်နေ့မှာ ပြန်ဆုံမယ်ဆိုတဲ့သဘောမျိုးတွေ ပြောဆိုသွားကြတယ်လို့ပဲပြောတယ်။

အဓိကကတော့ ၂ နေရာပေါ့နော် ရန်ကုန်မှာတော့။ သမိုင်းကနေ လှည်းတန်းအထိ၊ နောက်တခုကတော့ တာမွေကနေပြီးတော့ ကျောက်တံတားအထိနဲ့တူတယ်။ အဲဒီလိုအကြောင်းမျိုးလေးတွေကို ပြောပြတာရှိတယ်။ အဲဒါပြီးတော့ နောက်ပိုင်းမှာတော့ အထူးသဖြင့် ညဘက်ပိုင်းမှာတော့ အပြင်ထွက်ပြီးလူစုတာတို့၊ တခြား ဆန္ဒပြတာတို့ မရှိဘူးလို့ ပြောပါတယ်။ ဒါလောက်ပဲ ကျနော့်အနေနဲ့သိရတယ်။တယ်လီဖုံးလိုင်းတွေကတော့ အခုအချိန်အထိ ကျနော်တို့ထပ်ပြီးကြိုးစားနေပေမယ့် မရဘူးခင်ဗျ။


ဦးသန်းလွင်ထွန်း

သားညွန့်ဦး/ VOA Burmese

https://burmese.voanews.com/a/voa-journalist-latest-update-of-yangon-coup-myanmar-/5767950.html

VOA သတင်းထောက်ပြောခဲ့တဲ့ ရန်ကုန်နောက်ဆုံးအခြေအနေ VOA သတင်းထောက်ပြောခဲ့တဲ့ ရန်ကုန်နောက်ဆုံးအခြေအနေ Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.