UMFCCI ရုံးပိတ်ထားလိုက်

UMFCCI 

မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး အသင်းအဖွဲ့ကြီးဖြစ်တဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး ရန်ကုန်မြို့က ရုံးကို ပိတ်ထားလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဆိုရှယ်လူမှုကွန်ရက်ပေါ်မှာ ကုန်သည် စက်မှုအသင်းချုပ်အဖွဲ့ဝင်တွေဟာ အသင်းချုပ် ဝန်ထမ်းတွေကို အတင်းအကျပ် အလုပ်တက်ဖို့ ဖိအားပေး ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်းမှာ အရေးပေါ် အစည်းအဝေးလုပ်ပြီး အခုလို ပိတ်လိုက်တာလို့လည်း ဖော်ပြ ပါရှိပါတယ်။

လက်ရှိဖြစ်ပေါ်‌နေတဲ့ အခင်းအကျင်းမှာ ကုန်သည် စက်မှုအသင်းချုပ်ဟာ ဝန်ထမ်းများ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလိက ယုံကြည်ချက်နဲ့ ရပ်တည်ချက်များအပေါ် မည်သို့သော ဖိအားပေးခြင်း၊ ပိတ်ပင်တားဆီးခြင်းများကိုမျှ ပြုလုပ်နေခြင်း မရှိကြောင်းလည်း ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

UMFCCI ရုံးပိတ်ထားလိုက် UMFCCI ရုံးပိတ်ထားလိုက် Reviewed by THITHTOOLWIN on 18:58 Rating: 5

No comments:

Powered by Blogger.