စစ်အာဏာသိမ်းမှု လက်ခံနိုင်ဖွယ်မရှိ - ကုလအထူးစုံစမ်းရေးမှူး Tom Andrews

ရန်ကုန်မြို့ ဟိန္ဒူဘုရားကျောင်းရှေ့အနီးမှာ တွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တချို့။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က အင်္ဂါနေ့မှာပြောပါတယ်။ ဒီအပေါ် နိုင်ငံတကာအနေနဲ့ အားကောင်းပြီး ပြတ်သားတဲ့ တုံ့ပြန်မှုတခုလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

"ဒါဟာ လူထုတရပ်လုံးကို ထိုးနှက်လိုက်တာပါ။ သိပ်ကို တရားလွန်ပြီး လက်ခံနိုင်ဖွယ်မရှိပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တိုက်ရိုက်၊ အားကောင်းကောင်းနဲ့ တာဝန်သိသိ တုံ့ပြန်သင့်ပါတယ်။" လို့ Tom Andrews က ဗွီအိုအေကိုပြောပါတယ်။

ရွေးကောက်ပွဲ မဲစာရင်း မသမာမှုတွေကြောင့်ဆိုတဲ့ စစ်တပ်ရဲ့ အကြောင်းပြချက်ဟာ ဘာမှခိုင်လုံမှု မရှိသလို ဖြစ်နိုင်ခြေမရှိဘဲ အဓိပ္ပါယ်မဲ့လှတယ်လို့ Tom Andrews က ပြောပါတယ်။

"ရွေးကောက်ပွဲတခုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေဆိုတာက ကိစ္စတခုပါ။ ရွေးကောက်ပွဲအများစုမှာ လူတွေ စိုးရိမ်ကြတာရှိတာပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စိုးရိမ်မှုကြောင့် ဆိုပြီးတော့တော့ အစိုးရတရပ်ကို ဖြုတ်ချတာမျိုး မလုပ်ရဘူးလေ။" လို့ Tom Andrews က ပြောပါတယ်။

ဒီလို အပြုအမူမျိုးအပေါ် အားကောင်းပြီး ညီညွတ်တဲ့ နိုင်ငံတကာတုံ့ပြန်မှု လိုအပ်ပြီး အဲဒါမှသာလ ျှင် ဗိုလ်ချုပ်ကြီးတွေအနေနဲ့ သူတို့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရတယ်ဆိုတာကို နားလည်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က ပြောပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/un-myanmar-military-tom-andrews/5763371.html

စစ်အာဏာသိမ်းမှု လက်ခံနိုင်ဖွယ်မရှိ - ကုလအထူးစုံစမ်းရေးမှူး Tom Andrews စစ်အာဏာသိမ်းမှု လက်ခံနိုင်ဖွယ်မရှိ - ကုလအထူးစုံစမ်းရေးမှူး Tom Andrews Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.