နိုင်ငံတော်အတိုင်ပင်ခံရဲ့ အကြံပေး Sean Turnell ကို ပြန်လွှတ်ပေးဖို့ သြစတေးလျကာချုပ် တောင်းဆို


စီးပွားရေးအကြံပေး သြစတေးလျ ပါမောက္ခ  Sean Turnell  ကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီပြန်ရရှိရေး ဆောင်ရွက်ဖို့  သြစတေးကာကွယ်ရေး ဒု-ဦးစီးချုပ် David Johnston က စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ 

ကာကွယ်ရေး ဒု-ဦးစီးချုပ်- ရေတပ်ဒု- ဗိုလ်ချုပ်ကြီး  David Johnston က  ဒု- ဗိုလ်ချုပ်မှုုးကြီး စိုးဝင်းကို ဒီလ ၂၂ ရက်မှာ တယ်လီဖုန်းနဲ့ ပြောချိန်မှာ တောင်းဆိုလိုက်တာပါ။ 

ပါမောက္ခ  Sean Turnell ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပုဂ္ဂိုလ် ဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့လူတွေကို သေစေလောက်အောင် အင်အား အလွန်အကျွံသုံးတာ လက်မခံနိုင်ဘူးလို့လည်း သြစတေးလျ ကာကွယ်ရေး ဒု-ဦးစီးချုပ်က ပြောတဲ့အကြောင်း ကာကွယ်ရေးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။

အရပ်သားတွေကို အကြမ်းဖက်တာ ရှောင်ရှားဖို့၊ ဒီမိုကရေစီရေး အမြန်ဆုံး ပြန်တည်ဆောက်ဖို့နဲ့ ဒီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထားတဲ့ အရပ်သားခေါင်းဆောင်တွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese/

နိုင်ငံတော်အတိုင်ပင်ခံရဲ့ အကြံပေး Sean Turnell ကို ပြန်လွှတ်ပေးဖို့ သြစတေးလျကာချုပ် တောင်းဆို နိုင်ငံတော်အတိုင်ပင်ခံရဲ့ အကြံပေး Sean Turnell ကို ပြန်လွှတ်ပေးဖို့ သြစတေးလျကာချုပ် တောင်းဆို Reviewed by THITHTOOLWIN on 01:25 Rating: 5

No comments:

Powered by Blogger.