စီးပွားရေးအကြံပေး Sean Turnell ကို အမြန်ဆုံး လွှတ်ပေးဖို့ သြစတြေးလျ တောင်းဆို

စီးပွားရေးအကြံပေး ပါမောက္ခ Sean Turnell

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးဆိုင်ရာ အကြံပေးနေသူ တဦးဖြစ်တဲ့ အဖမ်းခံထားရတဲ့ Sean Turnell ကို အမြန်ပြန်လွှတ်ပေးဖို့ Australia နိုင်ငံခြားရေးဝန်ကြီး Marise Payne က ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ Australia သံအမတ်ကြီးနဲ့ Mr. Turnell တို့ အဆက်အသွယ်ရခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးနဲ့ အခြေအနေတွေကို ဆွေးနွေးခွင့်ရခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Payne က ပြောပါတယ်။ ဒါ့အပြင် ပါမောက္ခ Turnell ကို အမြန်ပြန်လွှတ်ပေးဖို့ ဆက်လက်ဆောင်းဆိုကြောင်း နဲ့ မြန်မာအာဏာပိုင်တွေ အနေနဲ့ ပါမောက္ခ Turnell ကို သံရုံးက ပုံမှန်ဆက်သွယ်ခွင့်ပေးဖို့ပါ တောင်းဆိုလိုက်တာပါ။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့က သူအဖမ်းခံထားရတယ်ဆိုတာကို ပညာရှင် Sean Turnell ကအသိပေးခဲ့တာပါ။ Australia နိုင်ငံသား Sean Turnell ဟာ Sydney မြို့ Macquarie တက္ကသိုလ်က စီးပွားရေးပါမောက္ခဖြစ်ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/economic-adviser-to-aung-san-suu-kyi-sean-turnell-to-release-/5775011.html

စီးပွားရေးအကြံပေး Sean Turnell ကို အမြန်ဆုံး လွှတ်ပေးဖို့ သြစတြေးလျ တောင်းဆို စီးပွားရေးအကြံပေး Sean Turnell ကို အမြန်ဆုံး လွှတ်ပေးဖို့ သြစတြေးလျ တောင်းဆို Reviewed by THITHTOOLWIN on 06:48 Rating: 5

No comments:

Powered by Blogger.