အဖမ်းခံရတဲ့ NLD ခေါင်းဆောင်ပိုင်းတွေ မိသားစုနဲ့ အဆက်အသွယ်မရဖြစ်နေ

NLD ထိပ်ပိုင်းခေါင်းဆောင်‌တွေကို ဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှ ာတွေ့ရစဉ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းသွားရာမှာ အဆက်အသွယ်မရတာ သီတင်းတစ်ပတ်အထိ ကြာလာပြီ ဖြစ်တဲ့အတွက် မိသားစုတွေက စိုးရိမ်နေကြကြောင်း အဖမ်းခံရသူတစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ရဲ့ ဇနီးဒေါ်ခင်အုန်းမြင့်က ပြောပါတယ်။

ဒေါက်တာမျိုးညွန့်ဟာ အဖမ်းမခံရခင် ဇန်နဝါရီလ ၃၀ ရက်နေ့ကမှ သူ့ရဲ့ အရိုးပွရောဂါ စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေကြောင်း သိထားရတာ ဖြစ်လို့ တွေ့ခွင့်ရပြီး လိုအပ်တဲ့ ဆေးတွေလည်း ပေးခွင့်ရဖို့ မေတ္တာရပ်ခံပါတယ်လို့ ဇနီးဒေါ်ခင်အုန်းမြင့်က ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

အဖမ်းခံရတဲ့ NLD ခေါင်းဆောင်ပိုင်းတွေ မိသားစုနဲ့ အဆက်အသွယ်မရဖြစ်နေ  အဖမ်းခံရတဲ့ NLD ခေါင်းဆောင်ပိုင်းတွေ မိသားစုနဲ့ အဆက်အသွယ်မရဖြစ်နေ Reviewed by THITHTOOLWIN on 18:01 Rating: 5

No comments:

Powered by Blogger.