ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲ NLD မတက်

 

စစ်ကောင်စီက အသစ်ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၂၆)ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

 အဲဒီအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ မတက်ရောက်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလေးကပြောပါတယ်။ 

"အစည်းဝေးတက်ဖို့ လူလည်းမရှိဘူး။ ဒါဟာ အာဏာသိမ်းထားတာပဲ ကမ္ဘာကလည်းအသိအမှတ်မပြုဘူး။ တို့ကလည်း အသိအမှတ်မပြုဘူး" လို့ ဖေဖော်ဝါရီ ၂၃ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးစိုးလေး ဖြေကြားခဲ့တာပါ။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲ NLD မတက်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲ NLD မတက် Reviewed by THITHTOOLWIN on 22:29 Rating: 5

No comments:

Powered by Blogger.