တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် (ဓါတ်ပုံ- Tanintharyi Region Facebook) |
ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်က မနေ့က တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တချို့ကို ထပ်မံ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ဖမ်းသွားတဲ့သတင်းနဲ့ ပတ်သက်လို့ တင်္သာရီတိုင်း မဲဆန္ဒနယ်မြေ အမှတ် (၂) ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကို ဗွီအိုအေ သတင်းထောက် မမေခက မေးမြန်းထားပါတယ်။
မေး။ ။ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ပြန်ပြီးတော့ ထိန်းသိမ်းသွားတယ်လို့ ပြောနေလို့ အဲဒါ ဆရာတို့ ဘာကြားလဲလို့။
ဖြေ။ ။ ၈ နာရီကျော်ကျော် လောက်ကနေပြီးတော့ သူ့နေအိမ်ကနေ လာခေါ်သွားတယ်လို့ ကြားရတယ်ခင်ဗျ နောက်ဆုံးအခြေအနေကလေ။
မေး။ ။ နေအိမ်ဆိုတာက ဝန်ကြီးချုပ်နေအိမ်ကလား။
ဖြေ။ ။ ဟုတ်တယ်ခင်ဗျ ဝန်ကြီးချုပ်နေအိမ်ကနေ ခင်ဗျ။ ဝန်ကြီးချုပ်နေအိမ်မှာပဲ အရင်က အကျယ်ချုပ်ချထားတာကို အဲဒီကနေပြီးတော့ ခေါ်သွားတယ်လို့ ပြောတယ်ခင်ဗျ။
မေး။ ။ လာခေါ်သွားတဲ့လူတွေက ဘယ်လိုပုံစံမျိုးတွေများ ဆရာတို့ သိထားတာရှိပါသလဲ။
ဖြေ။ ။ကျနော်တို့ သိသလောက်ကတော့ တပ်ကလူတွေ လာရွှေ့သွားတယ်လို့ အဲလိုသိထားတယ်ခင်ဗျ ။ ကျနော်တို့လည်း မြင်တာတော့မဟုတ်ဘူးပေါ့နော်။ မြင်တဲ့သူတွေ Information ပေးလို့ ကျနော်တို့ သိရတာပေါ့နော်။
မေး။ ။ ဘယ်ကို ခေါ်သွားမယ် ဘာကြောင့်အဲလို ပြန်ပြီးတော့ ခေါ်သွားတယ်ဆိုတာရော ဆရာတို့ သိရပါသလားရှင့်။
ဖြေ။ ။ မသိရသေးပါဘူးခင်ဗျ။
မေး။ ။ဆရာတို့ရော ဘာများ ခန့်မှန်းမိတာမျိုး ရှိသလဲ ၊ ဝန်ကြီးချုပ်တော်တော်များများကို အကျယ်ချုပ် ချထားတာလေ။ အခု အကျယ်ချုပ်ကနေ ထပ်ပြီးတော့ ပြန်ပြီးတော့ ခေါ်သွားတယ်ဆိုတော့ ဆရာတို့ ဘယ်လိုများ သုံးသပ်ပါသလဲရှင့်။
ဖြေ။ ။ကျနော်တို့အဲဒါ ခန့်မှန်းရတော့ နည်းနည်းခက်နေတယ်ခင်ဗျ။ ဘယ်နေရာ ပြန်ခေါ်သွားသလဲပေါ့နော် ။ နည်းနည်းတော့ ခန့်မှန်းရ ခက်နေတယ်ခင်ဗျ။ ကျနော်တို့ဘက်ကလည်း အဲဒါကို အတည်ပြုဖို့အတွက် ကြိုးစားနေတုန်းပဲခင်ဗျ။ ဘယ်နေရာကို ခေါ်သွားသလဲဆိုတာလေ။
မေး။ ။ သူ့မိသားစုအခြေအနေကရော ဘယ်လိုများရှိပါသလဲ မိသားစုတွေကတော့ ဝန်ကြီးချုပ်အိမ်ရာမှာပဲ ကျန်ခဲ့တာဆိုတော့ သူတို့တွေကို ဘယ်လိုများ ဆက်ပြီးတော့ ထားထားပါသလဲရှင့်။
ဖြေ။ ။ အဲဒါလည်း ပြည့်ပြည့်စုံစုံ ကျနော်တို့ မသိရသေးဘူးခင်ဗျ။ ရွှေ့တယ်ဆိုတာကလေ ဝန်ကြီးချုပ်တယောက်တည်းကိုပဲ ရွှေ့လိုက်တာလား ၊ သူ့မိသားစုတွေကိုလည်း ရွှေ့လိုက်တာလားဆိုတာ တိတိကျကျ ကျနော်တို့ Confirm လုပ်လို့မရသေးဘူးခင်ဗျ။ ကျနေ်ာတို့ ကြိုးစားနေတုန်းပဲ။
မေး။ ။ မနေ့ညကဆိုရင်လည်း NLD ဗဟိုရုံးချုပ်ကို သူတို့ ဝင်စီးတာရှိတယ်၊ ပြီးခဲ့တဲ့ ရက်တွေမှာ ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဝင်စီးတာတွေရှိတယ်။ တနင်္သာရီတိုင်းဘက်မှာရော အဲလို ဝင်စီးတာတွေရှိလား။
ဖြေ။ ။အခုလောလောဆည်အခြေအနေမှာ တနင်္သာရီတိုင်းဘက်မှာ အဲလိုဖြစ်စဉ်တွေမရှိဘူး။ မရှိသေးပါဘူးခင်ဗျ။
မေး။ ။ အကိုတို့ဘက်ကရော သုံးသပ်ပါသလဲရှင့်။ ဘယ်လိုအမြင်ရှိသလဲ ဒီလိုပြန်ပြီးတော့ ခေါ်သွားတာက တချို့တိုင်းနဲ့ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်တွေက အဲလို ခေါ်ခေါ်သွားတာမျိုးတော့ ရှိတယ်ပေါေ့နာ်။ အန်တီ နန်းခင်ထွေးမြင့်တို့ဆိုရင် ဆန္ဒပြပွဲတွေမှာ ဖုန်းနဲ့ speech ပေးလို့ နှုတ်ဆက်လို့ ဆိုတာမျိုးတွေပေါ့နော် သူတို့ဘက်ကတော့ ထင်မြင်ယူဆချက်ရှိတယ်။ ဆရာတို့ ဘက်ကတော့ ဘယ်လိုထင်မြင်ယူဆချက်ရှိပါသလဲ။
ဖြေ။ ။ လောလောဆည် ကျနော်တို့လည်း အဲလိုပဲ ထင်ထားတယ်ပေါေ့နာ်။ ဝန်ကြီးချုပ်ကို လာခေါ်သွားတာ ပြည်သူနဲ့အတူ ထောက်ခံတယ်ဆိုတဲ့ speech ပြောတာလေးတွေ အွန်လိုင်း လူမှုကွန်ယက်ပေါ် တက်လာတယ်။ အဲဒါတွေနဲ့များ ဆက်စပ်မှုရှိသလားပေါ့နော်။ အဲလိုမျိုးတွေ့ထားတာလေးလည်းရှိတယ်။ ဒီသံပုံးတီးတဲ့ ဓါတ်ပုံလေးတခု တက်လာတာလည်း တွေ့ရတယ်၊ နောက် ၁ မိနစ်စာလောက် ပြည်သူနဲ့အတူ ရှိတယ်ဆိုတဲ့ မက်ဆေ့ပေးတဲ့ Video clip လေးတခုလည်း တက်လာတာပေါ့နော်။ အဲဒါတွေနဲ့များ ဆက်စပ်မှုရှိသလားပေါ့နော် အဲလိုမျိုး ကျနော် သံသယ ရှိတယ်။
မေး။ ။ အဲဒါကရော ဝန်ကြီးချုပ်က ဘယ်နေ့တုန်းက တင်လိုက်တာလဲရှင့်။ ကျနော်သိသလောက်ဆိုရင် ၂၄ နာရီတော့ ကျော်သွားပြီခင်ဗျ။ Social network တခုမှာ တင်ထားတာ ကျနော်တွေ့လိုက်တာ ကျနော်လည်း သူများတင်ထားတာတွေ့တာ။ သူ့အကောင့်ကတော့ ပထမတကြိမ် ထိန်းသိမ်းခံရကတည်းက အာဏာသိမ်းတဲ့လူတွေက သူ့ Password ကိုယူခဲ့တယ်လို့ ကျနော်အဲလိုကြားတယ်။ သူတခြားအကောင့်နဲ့ သုံးနေတယ်လို့လည်း ကြားရတယ်။”
ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ NLD ဥပဒေ အထောက်အကူပြုအဖွဲ့က ရှေ့နေကြီး ဦးကျော်ဟိုး တို့ ဖမ်းဆီးခံရတဲ့ သတင်းနဲ့ ပတ်သက်လို့လည်း မိသားစုဝင်တွေနဲ့ နီးစပ်သူက အခုလိုပြောပါတယ်။
“အခုည ၁၁ နာရီလောက်က ဦးညီပုကို လာဖမ်းသွားတယ် စစ်တပ်က ၊ သူ့မိသားစုဝင်တွေက ပြောတယ်။ ဦးကျော်ဟိုးကိုလည်း လာဖမ်းတယ်လို့ NLD ဥပဒေ အထောက်အကူပြုအဖွဲ့ကလေ။”
ကရင်ပြည်နယ်က စီမံဝန်ကြီး ဦးသန်းနိုင်ကို ဖမ်းဆီးသွားတဲ့အပေါ်မှာတော့ ကြာအင်းဆိပ်ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“မေး။ ။ ကရင် စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်ကို ဘယ်နေ့ကနေ ခေါ်သွားတာလဲ ။ နောက်တခုက ဝန်ကြီးနဲ့ ပတ်သက်ပြီးတော့ အခုနောက်ပိုင်း ဘာများ ထပ်သိရတာမျိုး ရှိပါသလဲ။
ဖြေ။ ။ စီမံဘဏ္ဍာဝန်ကြီး ကို ကျနော်သိတာတော့ မနေ့က ညနေပိုင်းက အဲဒါပဲ ကျနော်တို့ဆီ သတင်းရောက်ပါတယ်။ ပြန်ခေါ်သွားတယ်ဆိုတဲ့ ဟာလေး ကျနော်တို့ ကြားလိုက်တယ်။ အချိန်အတိအကျတော့ ကျနေ်ာတို့ မရဘူး။ အဲလိုပဲ ပြန်ခေါ်သွားပြီတဲ့ အဲဒါပဲ တက်လာတယ်။ အချိန်တွေ မှတ်ထားတာတော့မသိဘူး ညနေပိုင်းမှာ ပြန်ခေါ်သွားတယ်ဆိုပြီးတော့ အဲလိုပဲ ကြားလိုက်တယ်။
မေး။ ။ အကျဉ်းထောင်ပို့ဆောင်တယ်ဆိုတဲ့ ကိစ္စလည်း ဘာမှ မသိရသေးဘူးပေါ့။
ဖြေ။ ။မသိရသေးဘူး၊ အကျဉ်းထောင်ဆိုရင်လည်း ဘယ်အကျဉ်းထောင်လဲဆိုတာ ရှိတယ်လေ။ ကျနော်တို့မှာတော့ အနီးစပ်ဆုံးကတော့ ဘားအံမှာ အကျဉ်းထောင်ရှိတယ်၊ အဲဒီထောင်ပဲ ဖြစ်ဖို့များတယ်။ မော်လမြိုင်ထောင်တို့ဘာတို့တော့ ခေါ်ဖို့ မရှိဘူး။ အဲဒီတော့ ဘားအံအကျဉ်းထောင်ပဲ ပို့ဖို့ရှိတယ်၊ အဲဒီမှာ ဘားအံအကျဉ်းထောင်ဆိုရင်လည်း ဘာသတင်းမှာ မထွက်လာဘူး။ ကျနော်တို့လည်း ခုနလိုပဲ လိုက်မေးကြည့်တာ မရဘူး၊ သတင်း ထွက်လာတဲ့ အခါကျမှ သိမှာပဲ။
မေး။ ။ ကရင်ဝန်ကြီးချုပ်အခြေအနေကရော ဆရာတို့ ဘာများ သိထားတာရှိပါသလဲ။
ဖြေ။ ။ကရင်ဝန်ကြီးချုပ် ကျန်းမာရေးကောင်းပါတယ်။ ဆေးတွေဘာတွေသောက်တာတော့ မရှိပါဘူး
မေး။ ။ စီမံဘဏ္ဍာဝန်ကြီးနဲ့ သူ့မိသားစုဝင်တွေကရော အခုလက်ရှိ အခြေအနေမှာ ဘယ်လိုအခြေအနေမျိုးများ ရှိပါသလဲ။ သူတို့တွေ ဝန်ကြီးအိမ်ယာထဲမှာပဲ ထိန်းသိမ်းထားတာလား၊ ဘယ်လိုပုံစံမျိုး သူတို့ကို ထိန်းသိမ်းထားသလဲ။ မနေ့က ကျတော့ ဘယ်လိုပုံစံမျိုး သူ့ကိုလာခေါ်သွားသလဲရှင့်။
ဖြေ။ ။ အဲဒါတော့ ကျတော်လည်း အနီးကပ်တော့မသိဘူး။ ဒါပေမယ့် ဝန်ကြီးအိမ်ယာမှာတော့ မရှိတော့ဘူးခင်ဗျ။သူ့မိသားစုဝင်တွေကတော့ သူတို့အိမ်မှာပဲ သွားပြန်နေကြတယ်။ တက်လာတဲ့ ဝန်ကြီးတွေကို အဲဒီနေရာမှာထည့်တယ် ၊ နေရာတွေဖယ်ခိုင်းပြီးတော့ ။ ကျနော်အဲဒီလောက်တော့ သိတယ်။
မေး။ ။ ဟုတ် သူ့ကို သူ့အိမ်မှာပဲ ခေါ်သွားတယ်ဆိုတဲ့ သဘောပေါ့နော်။
ဖြေ။ ။ဟုတ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ ကရင်ဝန်ကြီးချုပ်ကတော့ သူ့အိမ်ယာမှာပဲ ခေါ်သွားတယ်၊ ဒါပေမယ့် အခုအချိန်အထိရော သူ့မိသားစုတွေက အဲဒီအိမ်ယာမှာ ရှိသလား ၊ နောက်ပြီးတော့ သူတို့တွေရော ဘယ်လို အခြေအနေမျိုး ရှိပါသလဲရှင့်။
ဖြေ။ ။ ဟုတ်ကဲ့ လာပြန်ခေါ်သွားတယ်။ အဲဒီအိမ်မှာ သူ့အမျိုးသား တယောက်ပဲကျန်တယ်၊ သူတို့က ကလေးတွေဘာတွေမရှိဘူးလေ။ အဲဒါကြောင့် သူ့အမျိုးသားတယောက်ပဲ ကျန်တော့ သူ့ဟာသူ သူ့အိမ်မှာ သွားပြန်နေတယ်။ သူ့အိမ်မှာ သွားပြန်နေတယ်ဆိုတာက သူ့မိသားစုအိမ် သပ်သပ်ရှိတယ်။ အဲဒီမှာ သွားပြန်နေတယ် အဲဒါပဲ ကျနော်တို့ သိထားတယ်။
မေး။ ။ ဟုတ်ကဲ့ပါရှင့် ကရင်ဝန်ကြီးချုပ် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံရတယ်ဆိုတဲ့ကိစ္စကတော့ မသေချာသေးဘူးပေါ့နော်။
ဖြေ။ ။အဲဒီလိုပဲ ကြားတယ်။ အဲဒီလို ၃ ခုနဲ့ ဆိုတာကြားတယ်၊ အဲဒီ ၃ ခုနဲ့က ဟိုမတိုင်ခင်ကတည်းက ပြောသံ ကြားနေတယ်။ အဲဒါကြောင့် ကျနော်တို့က ဒီဟာကို ကောလဟာလလို့ပဲ ထားထားပြီးတော့ တကယ်ရုံးတက်လာပြီး စွဲတယ်ဆိုပြီးပြောမှာပဲ ။ ရုံးတက်လာပြီဆိုရင် ပြောကြမှာပေါ့ ကျနော်တို့ မြင်တဲ့အပိုင်းမှာ ဥပဒေသမားတွေ နဲ့လည်း ကျနော်တို့ ညှိစရာတွေရှိတော့ အဲဒီအသံကို လုံးဝ မထွက်လာသေးဘူး။
မေး။ ။ ဆိုတော့ ကောလဟာလ ကြားပါတယ်ဆိုတဲ့ ဥပဒေ ပုဒ်မ ၃ ခုနဲ့ စွဲမယ်ဆိုတဲ့ ပုဒ်မတွေက ဘာတွေများလဲရှင့်။
ဖြေ။ ။အဲဒါကို ကျနော်တို့က လုံးဝကို မသိတာ ၊ ဘာပုဒ်မတွေလဲ ။
မေး။ ။ ဆိုတော့ ပုဒ်မ ၃ ခုနဲ့ စွဲမယ်ဆိုတာပဲ သိတာ ၊ ဘာတွေနဲ့လဲဆိုတာတော့ အတိအကျမသိဘူးပေါ့။
ဖြေ။ ။အဲလိုပဲ ပြောတာ ၊ အဲဒါတောင် သူ့ကို မစွဲခင်ကတည်းက စွဲမယ်လို့ အဲလိုပြောသံကြားနေတယ်။ ဘာပုဒ်မမှန်းမသိဘူး။
မေး။ ။ စီမံဘဏ္ဍာရေးဝန်ကြီးကိုလည်း အကျဥ်းထောင်ပို့တာ ဆရာတို့ သေချာ confirm မပေးနိုင်ဘူးပေါ့နော် ဆရာ။
ဖြေ။ ။ ဟုတ်တယ် အမှန်ကတော့ သူတို့ နောက်တခါ ပြန်ခေါ်သွားတဲ့လူတွေမှန်သမျှ သူတို့ အကျဉ်းထောင်ကိုပဲ ပြန်ပို့တာ ကျနော်တို့ကြားတယ် အဲဒါကြောင့် ။ ဒီ စီမံဘဏ္ဍာရေးဝန်ကြီး ကိုလည်း ၊ ဝန်ကြီးချုပ်ကိုလည်း အဲလိုပဲ ခေါ်တာ ၊ ဟိုပထမတကြိမ်တုန်းကတော့ တောင်ကလေးဆိုတဲ့၂၀၂ မှာထားတယ်။ အဲဒီကိုတော့ ပြန်မခေါ်သွားတော့ဘူးထင်တယ်။ အဲလိုပဲ ကြားလို့လေ။ တချို့ကလည်း ထောင်ထဲရောက်နေသလိုလို ပြောတယ်၊ တကယ် တိတိကျကျ ကျနော်တို့လည်း ဘာမှ မရဘူး။”
ေမခ/ VOA Burmese
https://burmese.voanews.com/a/myanmar-chief-ministers-got-arrested-/5774047.html
No comments:
Post a Comment