ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်ရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ NLD ပါတီဘက်က အမှုဖွင့်လိုက်ပါတယ်။
ဒီအမှုကို ဗဟန်းမြို့နယ် ရဲစခန်းက ပ/ ၃၂ နဲ့ လက်ခံလိုက်တယ်လို့ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အပြစ်ရှာချင်လို့ အခုလို ညအချိန်မတော်မှာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။
အမှုလက်ခံလိုက်တဲ့ ဗဟန်းမြို့နယ် ရဲစခန်းတာဝန်ရှိသူကတော့ NLD ရုံးချုပ် ဝင်ရောက်စီးနင်းမှုမှာ ရဲတပ်ဖွဲ့ပါဝင်မှု ရှိ၊ မရှိကို စိစစ်နေတုန်းပဲလို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ ညပိုင်း ၁၀ နာရီလောက်မှာ စစ်ကားတွေနဲ့ လာရောက်ပြီး NLD ရုံးချုပ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးတော့ ရုံးသုံးပစ္စည်းအချို့နဲ့ ငွေစက္ကူ၊ ဘဏ်စာအုပ်တို့ကို ယူသွားတယ်လို့ NLD ပါတီရုံးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
RFA Burmese
NLD ဌာနချုပ်ရုံး စီးနင်းခံရမှု ပါတီဘက်ကအမှုဖွင့်
Reviewed by THITHTOOLWIN
on
00:54
Rating:

No comments:
Post a Comment