မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းပစ်ရမည်။ Mytel ကို သပိတ်မှောက်ပါ။


"Mytel ငွေစာရင်းကို စစ်ဆေးသူမရှိတဲ့အတွက် စစ်ခေါင်းဆောင်တွေ အလွဲသုံးစားလုပ်ဖို့ အကောင်းဆုံးကုမ္ပဏီ ဖြစ်နေပါတယ်။ Mytel ဟာ စစ်ခေါင်းဆောင်ပိုင်းကို ငွေပိုရှာပေးတဲ့ လုပ်ငန်းပါ။ စစ်ဆင်ရေးကိုလည်း Mytel စနစ်က အထောက်အကူ ပေးနေပါတယ်။ တကယ်တော့ Mytel သုံးစွဲသူတွေဆီကရတဲ့ငွေနဲ့ စစ်အာဏာရှင်စနစ်ကို ကျားကန်နေတာ ဖြစ်ပါတယ်။... Mytel ကို (၄၉) ရာခိုင်နှုန်း Viettle က ပိုင်ဆိုင်ပြီး၊ (၅၁) ရာခိုင်နှုန်းကို telecom ဦးပိုင်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ Star High ကုမ္ပဏီက ပိုင်ပါတယ်။ Star High ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို စစ်ခေါင်းဆောင်တွေ တဦးချင်းပိုင်ဆိုင်ကြပါတယ်။...Mytel အတွက် ရင်းနှီးငွေ ဒေါ်လာသန်း (၁၇၀၀) ကျော် လိုအပ်မယ်လို့ ခန့်မှန်းတာမို့ ဗိယက်နမ်ဘက်က ဒေါ်လာသန်း (၈၆၀) မတည်ဖို့ ကတိပြုထားပါတယ်။ ၂၀၁၉ မှာ ဗိယက်နမ်က ဒေါ်လာသန်း (၁၆၃) ရင်းနှီးကြောင်း သိရပါတယ်။ မြန်မာဘက်က ဒေါ်လာသန်း (၈၄၀) ရင်းနှီးရမှာ ဖြစ်ပေမယ့် ဘာမှပြောသံဆိုသံ မကြားရသေးပါဘူး။ ခရိုနီကုမ္ပဏီ (၁၁) ခု ထည့်ဝင်ထားတဲ့ ငွေရင်းက ဒေါ်လာသန်း (၄၀) သာ ရှိတာမို့ မြန်မာအစိုးရက ဒေါ်လာသန်း (၈၀၀) စိုက်ရမယ့် ပုံပေါ်နေပါတယ်။... အစိုးရဆီကရတဲ့ အသုံးစရိတ်ပေါ်မှာ မှီခိုတဲ့ အဖွဲ့အစည်းကပိုင်တဲ့ လုပ်ငန်းဟာ နိုင်ငံပိုင်ဖြစ်သင့်ပေမယ့် စစ်တပ်က ပုဂ္ဂလိကပိုင်အဖြစ် သတ်မှတ်ထားပါတယ်။...နအဖစစ်အစိုးရခေတ်မှာ yelecom လုပ်ငန်းကို လက်ဝါးကြီးအုပ် အမြတ်ထုတ်လို့ SIM card တစ်ခုကို ဒေါ်လာ (၇၀၀၀) အထိ ဈေးရှိခဲ့ပါတယ်။ ဒါကြောင့် telecom ဈေးကွက်ကို ကြီးစိုးဖို့ စစ်တပ်က ရည်ရွယ်တာပါ။...”

Justice for Myanmar ရဲ့  ယခင်နှစ်က ထုတ်ပြန်တဲ့ (၁၆၁) မျက်နှာအစီရင်ခံစာအပေါ် အခြေခံ၍  VOA ၏ "စစ်အုပ်စုရဲ့ Mytel ဆက်သွယ်ရေး” သတင်းဆောင်ပါးအား အောက်ပါ link တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်သည်။ http://ow.ly/NXsC50DLmnt

Justice For Myanmar ၏ အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ကြည့်ပါ။ http://ow.ly/LD9L50DLmnu

အကယ်၍ သင်သည် မြန်မာပြည်ထဲတွင် ရှိနေပြီး နိုင်ငံတော်မှ ပိတ်ပင်ထားသောကြောင့် ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်မရလျှင် အစားထိုး အလားတူဆိုဒ်ကို ဤနေရာတွင် အသုံးပြုနိုင်ပါသည်။ http://ow.ly/rVMy50DLmns

မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းပစ်ရမည်။ Mytel ကို သပိတ်မှောက်ပါ။

#CivilDisobedienceMovement #WarCrimes #Myanmar #CrimesAgainstHumanity #MyanmarCoup #BoycottMytel #JusticeForMyanmar


Justice For Myanmar

https://www.facebook.com/justiceformyanmar.org/

မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းပစ်ရမည်။ Mytel ကို သပိတ်မှောက်ပါ။ မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းပစ်ရမည်။ Mytel ကို သပိတ်မှောက်ပါ။ Reviewed by THITHTOOLWIN on 07:27 Rating: 5

No comments:

Powered by Blogger.