ပြန်ကြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံပိုင် မြန်မာရုပ်မြင်သံကြား MRTVဖေ့ဘွတ်ခ်စာမျက်နှာကို ဖေ့ဘွတ်ခ်မှာ မတွေ့ရတော့ကြောင်း နေပြည်တော်က ဝန်ထမ်းတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကတပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့စာမျက်နှာကို ဖြုတ်ချခဲ့ပြီး နောက်တစ်ရက်မှာ အခုလို ဖယ်ရှားခံရလိုက်ရတာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒတွေနဲ့အညီ ဖေ့စ်ဘွတ်ရဲ့ မူဝါဒထဲမှာ ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တာမျိုးမလုပ်ဖို့တားမြစ်ထားပေမယ့် ဒါကိုအကြိမ်ကြိမ်ချိုးဖောက်တာကြောင့် MRTV နဲ့ MRTV live ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဖယ်ရှားလိုက်တာပါ" လို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့တယ်လို့လည်း ရိုက်တာ သတင်းက ဖော်ပြထားပါတယ်
မြန်မာ့ရုပ်မြင်သံကြားဟာ လူမှုကွန်ရက်ကနေ စစ်ကကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဝါဒဖြန့်သတင်းများကို ထုတ်နေတယ်လို့ လူတွေက ဝေဖန်နေကြပါတယ်။
BBC Burmese
No comments:
Post a Comment