တပ်မတော်က အာဏာသိမ်းခဲ့တာကို လက်မခံနိုင်လို့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုနိုင်ဘူးဆိုပြီး အစိုးရ လည်ပတ်မှု ယန္တရား ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်လှုပ်ရှားတဲ့ Civil Disobedience Movement CDM အာဏာဖီဆန်မှုမှာ ပါဝင်နေသူ MRTV မြန်မာ့ ရုပ်မြင်သံကြားက Programme Director မပပဆန်းကျော် နေထိုင်တဲ့ ဝန်ထမ်းအိမ်ရာက နေအိမ်ကို အမည်မသိ လူတစု ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၂ ရက်နေ့ ညက မရမ်းကုန်း ရေကူး အိမ်ရာဝင်းမှာရှိတဲ့ MRTV ဝန်ထမ်းအိမ်ရာကို ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ မပပဆန်းကျော်က တိမ်းရှောင်နေတဲ့ အတွက် နေအိမ်မှာ မရှိပါဘူး။ အခုလက်ရှိ သူ့အခြေအနေ၊ အဲဒီနေ့က ဖြစ်စဉ် စတာတွေနဲ့ ပတ်သက်လို့ မပပဆန်းကျော်ကို ဘီဘီစီက မေးမြန်းထာပါတယ်။
BBC Burmese
MRTV သတင်းသမားအိမ်ကို အုပ်စုလိုက်ဝင်ရောက် ပစ္စည်းတွေ ဖျက်ဆီး အိမ်ရှင်ကို ရိုက်နှက်
Reviewed by THITHTOOLWIN
on
04:59
Rating:
No comments:
Post a Comment