MPT မက်ဆေ့ချ်တွေ တရုတ်လို ဖြစ်နေ |
မြန်မာပြည်မှာ ည သန်းခေါင်ကျော် ၁ နာရီက စပြီး မနက် ၉ နာရီ အထိ အင်တာနက် ဖြတ်တာမျိုုး အာဏာသိမ်းစစ်တပ်က လုပ်နေတာ ၃ ည ဆက် ရှိနေပြီ ဖြစ်ပါတယ်။
လာမယ့် သီတင်းပတ်ထဲထိ အခုလို ပြတ်တောက်တာတွေ ဆက်ဖြစ်နေနိုင်တယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေက ဆိုပါတယ်။
ဘာလို့အခုလို ဖြတ်တောက်နေတာလဲ၊ အဲဒီကာလ အပိုင်းအခြားအတွင်းမှာ ဘာတွေ လုပ်နေတာလဲ ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ အစိုးရပိုင် MPT ကတ်ထည့်ထားတဲ့ ဖုန်းတွေမှာ မက်ဆေ့ချ် အလိုအလျောက် ပြန်စာတွေကို တရုတ်လို ရေးထားတာတွေ လက်ခံရနေတယ်လို့ ကိုယ်တွေ့ ကြုံသူတွေက ပြောကြပါတယ်။
အရင်ရက်တွေကတည်းက အာဏာသိမ်း မြန်မာစစ်တပ်ဟာ အင်တာနက် နည်းပညာနဲ့ ပတ်သက်ပြီး လုံခြုံရေး စနစ်မြှင့်တင်တာ အပါအ၀င် လူအများကို ထိန်းချုပ်စောင့်ကြည့်နိုင်အောင် တရုတ် ပညာရှင်တွေရဲ့ အကူအညီရယူနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေ လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။
ကူမင်းနဲ့လည်း နေ့စဥ် လေယာဥ် အတက်အဆင်းတွေ ရှိနေတာကို ထောက်ပြပြီး အာဏာသိမ်း မြန်မာ စစ်တပ်ဟာ တရုတ်ဆီက အကူအညီတွေ ရနေတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။
တရုတ်သံရုံးကတော့ လေယာဥ်ခရီးစဥ်တွေဟာ အရင်ရှိနှင့်ပြီး ကုန်သွယ်ရေး သဘောတူချက်တွေ အရ၊ ပင်လယ်စာလိုမျိုး စားသောက်ကုန်တွေ တရုတ်ပြည်တွင်းကို သယ်ယူနေတာ ဖြစ်တယ်လို့ ပြောထားပါတယ်။
အစိုးရ MPT ကတ်ကနေ တရုတ်လို ပြန်စာပို့နေ |
အင်တာနက် ဖြတ်တဲ့အချိန် စစ်အစိုးရ ဘာတွေလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက် |
MPT က စာတွေ တရုတ်လို ရေးထားတာ ဘာ့ကြောင့်လဲ |
BBC Burmese
No comments:
Post a Comment