ဆန္ဒပြသူတွေကို ဖြိုခွဲရင်း နယ်မြေကျော်လာတဲ့ မြန်မာစစ်တပ်ကို KNU ပစ်ခတ်

ဆန္ဒပြသူတွေကို ဖြိုခွဲရင်း နယ်မြေကျော်လာတဲ့ မြန်မာစစ်တပ်ကို KNU ပစ်ခတ် နယ်မြေလုံခြုံရေးယူနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သားတဦး။ Photo: Thoolei News - KNU -Department Of Information


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လူစုခွဲရင်း KNU ထိန်းချုပ်နယ်မြေထဲ ရောက်လာတဲ့ မြန်မာစစ်တပ်ကို ပစ်ခတ်ခဲ့တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU) က ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်အပါအဝင် သုံးဦး ကျဆုံးပြီး၊ လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီတပ်သားတွေဟာ ကော့ကရိတ်မြို့ အာရှလမ်းမကြီးကနေ KNU ထိန်းချုပ်နယ်မြေထဲကို တစ်မိုင်ကျော်လောက် ကျူးကျော်ပြီး ကော့ကရိတ်-ကျိုက်ဒုံ လမ်းမကြီးပေါ်မှာရှိတဲ့ ရွာသစ်ကျေးရွာအထိ ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလောမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အာရှလမ်းမကြီးအနီးမှာ မြန်မာစစ်တပ်က တပ်အင်အား ၆၀ လောက်နဲ့ စစ်ကား ၄ စီး ချထားပြီး ကျေးရွာထဲကနေအိမ်တွေမှာလည်း စစ်သားတွေ ပုန်းခိုနေကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီပစ်ခတ်မှုနဲ့ စစ်သားတွေ ကျဆုံးမှုနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ပြောကြားချက်ကိုတော့ လောလောဆယ် မသိရသေးပါဘူး။

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်က လုံခြုံရေးယူပေးနေတယ်လို့ KNU ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/knu-and-myanmar-military-02262021130517.html

ဆန္ဒပြသူတွေကို ဖြိုခွဲရင်း နယ်မြေကျော်လာတဲ့ မြန်မာစစ်တပ်ကို KNU ပစ်ခတ် ဆန္ဒပြသူတွေကို ဖြိုခွဲရင်း နယ်မြေကျော်လာတဲ့ မြန်မာစစ်တပ်ကို KNU ပစ်ခတ် Reviewed by THITHTOOLWIN on 01:36 Rating: 5

No comments:

Powered by Blogger.