ကရင်ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးမယ်လို့ KCG ကြေညာ

ကရင်ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးမယ်လို့ KCG ကြေညာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသား အစည်းအရုံးဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်။Photo: AFP

တပ်မတော်က အာဏာသိမ်းလိုက်တာဟာ နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးအာဏာကို အဓမ္မသိမ်းယူတာမို့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ KNU Concerned Group က ဒီနေ့ပြောကြားလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီး ဖွဲ့စည်းလိုက်တဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို လုံးဝလက်မခံဘဲ ကရင့်တော်လှန်ရေး နယ်မြေမှာ KNU ကရင်အမျိုးသားအစည်းအရုံးက ချမှတ်တဲ့ ကော်သူးလေ အုပ်ချုပ်ရေးစနစ်နဲ့အညီ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ကို အခြေခံပြီး ထိန်းသိမ်း စောင့်ရှောက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ DKBA၊ KNU/KNLA၊ PC BGF စတာတွေဟာ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းပြီး ကော်သူးလေ တပ်မတော် တရပ်အနေနဲ့ ကရင်အမျိုးသားတွေနဲ့အတူ တိုင်းရင်းသားပြည်သူလူထုကို ကာကွယ်စောင့်ရှောက်သွားဖို့၊ တပ်မတော်က အဓမ္မစစ်အာဏာသိမ်းတာကို ပြည်သူလူထုအနေနဲ့ လုံးဝလက်မခံဘဲ ဆန့်ကျင်ဖို့နဲ့ စစ်အာဏာသိမ်းတာကို နိုင်ငံတကာက အသိအမှတ်မပြုဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

NLD ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပေမဲ့ ပြင်ဆင်နိုင်ဖို့ အပြုသဘောနဲ့ ၂၀၁၂ နဲ့ ၂၀၂၀ မှာ ရွေးကောက်ပွဲ ဝင်ခဲ့တာလို့ ဖော်ပြပါတယ်။ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲ ကတဆင့် ဖွဲ့စည်းပုံပြင်ဆင်တာလည်း မအောင်မြင်ဘူးလို့ရေးသားပါတယ်။ လွှတ်တော်တွင်းက ကြိုးပမ်းတာလည်း မအောင်မြင်ဘူးလို့လည်း ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/knu-concerned-group-statement-over-military-coup-02022021212632.html

ကရင်ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးမယ်လို့ KCG ကြေညာ  ကရင်ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးမယ်လို့ KCG ကြေညာ Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.