အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ရဲ့ မြန်မာ့အရေး သဘောထား ကြေညာချက်


ဇန်နဝါရီ ၃၁၊ ၂၀၂၁။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို နှောင့်နှေးသွားစေမည့် အခြေအနေကို ဦးတည်စေသော တပ်မတော်၏လုပ်ရပ်များနှင့် ပတ်သက်၍ သတင်းများ အပေါ် အမေရိကန် ပြည်ထောင်စုမှ စိုးရိမ်မကင်း ဖြစ်မိပါသည်။ သတင်းများ အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်ဘက် အရာရှိများအားလည်း ဖမ်းဆီးထားကြောင်း သိရပါသည်။

ဤအခြေအနေနှင့် ပတ်သက်၍သမ္မတ Joe Biden အား အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းလမ်းကျ အုပ်ချုပ်ရေး လုပ်ငန်း အဖွဲ့အစည်းများကို ဒေသတွင်းရှိ မိတ်ဖက်နိုင်ငံများနှင့် အတူ ပူးပေါင်း၍ အမေရိကန် ပြည်ထောင်စုမှ ခိုင်မာစွာ ဆက်လက် အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုပါသည်။

တပ်မတော် အပါအဝင် အခြားအဖွဲ့အစည်းများ အားလုံး အနေဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် ဥပဒေ စိုးမိုးရေးကို အလေးအနက်ထား လိုက်နာပြီး ယနေ့ ဖမ်းဆီးထားသည့် ပုဂ္ဂိုလ်များအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုပါသည်။ အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် မကြာသေးခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ရလဒ်များကို တစုံတရာ ပြောင်းလဲရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို ချိုးဖျက်ရန် ကြိုးပမ်းခြင်း စသည့် ကိစ္စမှန်သမျှကို ဆန့်ကျင်ပါသည်။

ဤသို့ ဆောင်ရွက်သည့် တာဝန်ရှိသူများ အပေါ်တွင်လည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်နေခဲ့ရသည့် မြန်မာ ပြည်သူများနှင့် အတူ ထပ်တူ ရပ်တည်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/statement-by-white-house-spokeperson-jen-psaki/5759278.html

အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ရဲ့ မြန်မာ့အရေး သဘောထား ကြေညာချက် အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ရဲ့ မြန်မာ့အရေး သဘောထား ကြေညာချက် Reviewed by THITHTOOLWIN on 09:22 Rating: 5

No comments:

Powered by Blogger.