အလုပ်သမားတွေအပေါ် မခြိမ်းခြောက်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို ILO တောင်းဆို

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားတွေအပေါ် ခြိမ်းခြောက် နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO က သတိပေးလိုက်ပါတယ်။

ရန်ကုန် လှိုင်သာယာ စက်မှုဇုံက အလုပ်သမားတန်းလျားဆောင်တွေမှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေကို စစ်တပ်နဲ့ရဲက တခန်းဝန်တခန်းထွက် ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေ ရရှိထားကြောင်းလည်း ILO က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဒီလဆန်းမှာပဲ အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုတွေမှာ အလုပ်သမားတွေ အပါအဝင် လူတန်းစားပေါင်းစုံ ပါဝင်လာကြသလို၊ ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာတွေ၊ ညဖက်တွေမှာရှာဖွေဖမ်းဆီးမှုတွေ ရှိနေချိန်မှာပဲ ILO ရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။

ILO ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျေးလက်ဒေသတွေကနေ ရန်ကုန်က ပုဂ္ဂလိက လုပ်ငန်းတွေမှာ လာရောက်အလုပ်နေကြတဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးအလုပ်သမားတွေကို အဓိကပစ်မှတ်ထားပြီး ခြိမ်းခြောက်တိုက်ခိုက်ခံနေရတယ်လို့ စွပ်စွဲထားကြောင်းလည်း ဖော်ပြထားပါတယ်။

အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့နဲ့ အလုပ်သမားတွေရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ စည်းခွင့်နဲ့ လူ့အခွင့်အရေးကို အာမခံပေးဖို့လည်း တိုက်တွန်းထားပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-ilo-demand-not-to-threaten-the-workers/5789907.html

အလုပ်သမားတွေအပေါ် မခြိမ်းခြောက်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို ILO တောင်းဆို အလုပ်သမားတွေအပေါ် မခြိမ်းခြောက်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို ILO တောင်းဆို Reviewed by THITHTOOLWIN on 07:45 Rating: 5

No comments:

Powered by Blogger.