တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ - ဆိုတဲ့ စာမျက်နှာကို Facebook က ဒီကနေ့ ပိတ်လိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အဓိက ဖော်ပြနေတဲ့ စာမျက်နှာတွေထဲက တစ်ခုဖြစ်ပြီး၊ “ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် မလှုံ့ဆော်ရ” - ဆိုတဲ့ Facebook ရဲ့ စည်းကမ်းချက်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ပိတ်လိုက်တာဖြစ်တယ်လို့ Facebook ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောကြားတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
“တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” ဆိုတဲ့ စာမျက်နှာနဲ့ “ဇော်မင်းထွန်း” ဆိုတဲ့ စာမျက်နှာ ၂ ခုကို တပ်မတော်က ၂ဝ၂ဝ ဇွန်လဆန်းမှာ ဖွင့်ခဲ့တာပါ။
အဲ့အချိန်က တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “Facebook မှာ သတင်းမှန် သတင်းမှားတွေ ရောထွေးနေသလို၊ ကောလာဟလ သတင်းတွေလည်း တွေ့ရတဲ့အတွက် တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ထုတ်ပြန်နိုင်ဖို့အတွက် Facebook သုံးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း” ပြောဆိုခဲ့ဖူးပါတယ်။
အခုလောလောဆယ်မှာတော့ Facebook ကနေ “တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့” ဆိုတဲ့ စာမျက်နှာကိုပဲ ပိတ်တာတွေ့ရပြီး၊ “ဇော်မင်းထွန်း” ဆိုတဲ့ စာမျက်နှာကိုတော့ ပိတ်တာ မတွေ့ရသေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားရဲ့ အကောင့်စာမျက်နှာကို Facebook က ပိတ်ပင်ခဲ့ပါသေးတယ်။
၂ဝ၁၈ သြဂုတ်လကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်စာမျက်နှာအပါအဝင် တပ်မတော်နဲ့ ပတ်သက်တဲ့ အကောင့်စာမျက်နှာပေါင်း ၂ဝ ကို Facebook က အပြီးတိုင် ဖယ်ရှားခဲ့ဖူးပါတယ်ရှင်။
RFA Burmese
“တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” Facebook စာမျက်နှာ ပိတ်ပင်ခံရ
Reviewed by THITHTOOLWIN
on
19:31
Rating:
No comments:
Post a Comment