မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အသင့်ရှိနေကြောင်း EU ပြော



မြန်မာနိုင်ငံကပြည်သူတွေ ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို အမြန်ပြန် အာဏာလွှဲပေးဖို့နဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ဥရောပသမဂ္ဂကောင်စီ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကနေ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ ဥရောပသမဂ္ဂ (EU) အနေနဲ့ အသင့်ရှိနေပြီး အရေးယူမယ့် နည်းလမ်းတွေကို အဖွဲ့ဝင်နိုင်ငံတွေ သုံးသပ်နေတယ်လို့လည်း ဒီကနေ့ အစည်းအဝေးအပြီး ထုတ်ပြန်ပါတယ်။

ပြည်သူတွေကို မထိခိုက်စေဘဲ တာဝန်ရှိတဲ့စစ်ခေါင်းဆောင်တွေကို တိုက်ရိုက်ဦးတည်နဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ရှိတယ်လို့လည်းဆိုပါတယ်။

အီးယူ အနေနဲ့ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ရှုံချပြီး ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံထားရတဲ့သူတွေ အားလုံးကို လွှတ်ပေးဖို့၊ အရပ်သားအစိုးရ လွှတ်တော်ကို အမြန်ပြန်ခေါ်ပေးဖို့လည်း တောင်းဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အရှိန်အဟုန်ထက် မမြင့်လာအောင် စစ်အာဏာသိမ်း အရေးပေါ်အခြေအနေ ကြေညာထားတာကို ချက်ချင်းရပ်ဖို့၊ အင်တာနက်ဖြတ်တောက်တာတွေမလုပ်ဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်တွေအတွက် အာမခံချက်ပေးဖို့လည်း ပြောထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အသင့်ရှိနေကြောင်း EU ပြော မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အသင့်ရှိနေကြောင်း EU ပြော Reviewed by THITHTOOLWIN on 00:47 Rating: 5

No comments:

Powered by Blogger.