စစ်ကောင်စီရောင်းချတဲ့ ‌ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ CRPH ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီရောင်းချနေတဲ့ ‌ငွေတိုက်စာချုပ်တွေကိုမဝယ်ကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက CRPH က ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အသုံးပြုနိုင်တဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တဲ့ အတွက်ငွေတိုက်စာချုပ်များ ရောင်းချခြင်း အပါအဝင် မည်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းကိုမျှ လုပ်ပိုင်ခွင့် မရှိဘူးလို့လည်း ၂၀၂၀ နိုဝင်ဘာလရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အစိုးရငွေတိုက်စာချုပ်များ ရောင်းချခြင်းကို မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကန့်ကွက်ကြောင်းနဲ့ လုပ်ငန်းရှင်များကလည်း ဝယ်ယူခြင်းမပြုကြဖို့ကိုလည်း သတိပေးထားပါတယ်။

အစိုးရတစ်ရပ်ဟာ ‌ငွေတိုက်စာချုပ်တွေကို ငွေလိုတဲ့ အခါမှာ အခုလိုထုတ်ရောင်းလေ့ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

စစ်ကောင်စီရောင်းချတဲ့ ‌ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ CRPH ထုတ်ပြန် စစ်ကောင်စီရောင်းချတဲ့ ‌ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ CRPH ထုတ်ပြန် Reviewed by THITHTOOLWIN on 19:38 Rating: 5

No comments:

Powered by Blogger.