အင်ဒိုနီးရှား သံရုံးရှေ့ လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက် |
လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အနေနဲ့ ရန်ကုန်က အင်ဒိုနီးရှား သံရုံးနဲ့ကြား အဆက်အသွယ် ရှိတယ်လို့ CRPH အဖွဲ့၀င် ဒေါ်ဖြူဖြူသင်းက ဘီဘီစီကို ပြောပါတယ်။
မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအသစ် လုပ်ငန်းစဥ်ကို လက်သင့်ခံရေး အင်ဒို တွန်းအားပေး နေတယ်ဆိုတဲ့ အချက်ကို CRPH က မေးခွန်း ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲသစ်ကို လက်သင့်ခံရေးမူ မကိုင်စွဲထားပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးရုံးက ငြင်းပါတယ်။
ရွေးကောက်ပွဲ အသစ်နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားတွေ ရှိလဲ ဆိုတာ ကောက်ခံတာမျိုး မြန်မာ ပြည်သူတွေ လက်မခံတဲ့ လုပ်ရပ် ဆက်မလုပ်ဘူး ဆိုပြီး ရန်ကုန် အင်ဒိုနီးရှား သံရုံးက ကတိပေးတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
ရန်ကုန်က အင်ဒိုနီးရှား သံရုံးရှေ့ လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အင်ဒို နိုင်ငံခြားရေး၀န်ကြီး ရက်တနိုမာဆုဒီလည်း နေပြည်တော် ခရီးစဥ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
BBC Burmese
No comments:
Post a Comment