လက်နက်မသုံးရနဲ့ အကြမ်းဖက် မဖြေရှင်းရ စည်းကမ်းတွေပါတဲ့ အုပ်ချုပ်ရေးအစီအစဥ် CRPH ကြေညာ


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အများပြည်သူလုံခြုံမှု ဆောင်ရွက်ရေးနဲ့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ကာကွယ်ဖို့ စတာတွေအတွက် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအလိုက် ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ် ပြုလုပ်ပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ယူကြဖို့ ကြေညာချက်ကို ပြည်ထောင်စုလွွှတ်တော် ကိုယ်စားပြုကော်မတီ CRPHက ဖေဖော်ဝါရီလ၂၂ရက်တနင်္လာနေ့စွဲနဲ့ ဒီကနေ့ ကြေညာလိုက်တာကို တွေ့ရပါတယ်။

အင်တာနက် ပြတ်တောက်မယ့် သတင်းတွေကြောင့် ကြိုတင် ကြေညာတာလို့ ဆိုပါတယ်။

အဲဒီ အစီအစဉ်ကို ပြည်သူရွေးကောက်တဲ့ အစိုးရ ပေါ်မလာခင်ကြားကာလအတွင်း ထားရှိဖို့ ဒီကြေညာချက်ထဲမှာ ပြောဆိုထားပြီး ဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM လှုပ်ရှားနေတဲ့ဝန်ထမ်းတွေ အပါအဝင် ဒေသလူထုက လက်ခံတဲ့ရပ်မိရပ်ဖတွေ ပါဝင်သင့်တယ်လို့ NLD ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ကြေညာပါတယ်။

ဒီအဖွဲ့တွေ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ဖော်ပြထားရာမှာလုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေး လုပ်ဆောင်ပြီး အများပြည်သူကို ကာကွယ်ရမယ်လို့ ဆိုထားပေမယ့် မည်သည့်ကိစ္စကိုမျှ လက်နက်အသုံးပြုတာနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနည်းလမ်းတွေနဲ့ မဖြေရှင်းရဘူးလို့လည်း ဖော်ပြထားသလို လက်နက်တွေကိုလည်း ရဲတပ်ဖွဲ့မှလွဲပြီး မကိုင်ဆောင်ရလို့လည်း ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

လက်နက်မသုံးရနဲ့ အကြမ်းဖက် မဖြေရှင်းရ စည်းကမ်းတွေပါတဲ့ အုပ်ချုပ်ရေးအစီအစဥ် CRPH ကြေညာ လက်နက်မသုံးရနဲ့ အကြမ်းဖက် မဖြေရှင်းရ စည်းကမ်းတွေပါတဲ့ အုပ်ချုပ်ရေးအစီအစဥ် CRPH ကြေညာ Reviewed by THITHTOOLWIN on 01:51 Rating: 5

No comments:

Powered by Blogger.